Home / 2020 / October / 07

Daily Archives: October 7, 2020

ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၇ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၇)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအား Zoom Meeting ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်နိုင်သည့် နယ်စပ်ဂိတ်များသည် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အလွန်အရေးကြီးကြောင်း၊ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းတို့ကို အထူးကြပ်မတ် ဆောင်ရွက်မှသာ ကုသရေးအပိုင်းတွင် သက်သာနိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ဒေသမှ ဝင်ရောက်လာသူများကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုဒဏ်ကို ယခုအချိန် ခံစားနေရသလို၊ ပဲခူးတိုင်းဒေသကြီးအတွင်းသို့လည်း ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ဝင်ရောက်လာသူများကြောင့် Covid-19 ရောဂါ ကူးစက်ပြန့်ပွားများ များပြားလျက်ရှိကြောင်း၊ အထူးသဖြင့် လူနာတင်ယာဉ်များဖြင့် ရန်ကုန်ဒေသမှ လူများအား အခကြေးငွေယူ၍ ပို့ဆောင်မှုများရှိသညိကိုလည်း ဖမ်းဆီးထားပြီးဖြစ်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် စက်ရုံ/အလုပ်ရုံများ ထပ်မံပိတ်မည်ဖြစ်၍ …

Read More »

ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၇ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၇)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Zoom Meeting ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ကာလအတွင်း ခရီးသွားလုပ်ငန်းများအား အမှီပြုနေရသည့် တည်းခိုခန်း၊ မိုတယ်နှင့် ဟိုတယ် လုပ်ငန်းလိုင်စင် သက်တမ်းတိုးမှုအား နိုင်ငံတော်မှ အခွန်ဖြေလျော့မှုများ ပြုလုပ်ပေးထားကြောင်း၊ Covid-19 ကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်၍ လိုအပ်သည့် အခန်းများ ပြင်ဆင်ခြင်း၊ ဒေသတွင်း ထပ်မံလည်ပတ်နိုင်သည့် ခရီးသွားလမ်းကြောင်းများ နေရာသစ်များ တိုးချဲ့ခြင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ၊ ဒေသထွက် လက်မှုပစ္စည်း (အမှတ်တရလက်ဆောင်)စသည့် လက်မှုသင်တန်းများ၊ ခရီးသွားလမ်းညွှန်လိုင်စင်များ စသည်တို့ကို ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း …

Read More »

အောက်တိုဘာလ (၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၇ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၇-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၂၁)ခု၌ နိုင်ငံသား(၂၂၂၄)ဦး၊ သံသယလူနာ(၃၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၉၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၇)ခု၌ နိုင်ငံသား(၁၆၆၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၀)ခု၌ နိုင်ငံသား(၆၂၉)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၆)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၁၅)ခု၌ နိုင်ငံသား(၁၈၉၀)ဦးရှိပြီး သံသယလူနာ(၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၁၃)ခု၌ နိုင်ငံသား(၆၄၀၆)ဦးရှိပြီး သံသယလူနာ(၄၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၇၈)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »