Home / 2020 / October / 08

Daily Archives: October 8, 2020

ရွှေကျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၈ (ရွှေကျင်) ======================== ရွှေကျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

အောက်တိုဘာလ(၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၈ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၈-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၂၄)ခု၌ နိုင်ငံသား(၂၀၉၀)ဦးနှင့် သံသယလူနာ(၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၀၈)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၀)ခု၌ နိုင်ငံသား(၁၆၈၈)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၇၅)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၃)ခု၌ နိုင်ငံသား(၆၁၄)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၇)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၁၆)ခု၌ နိုင်ငံသား(၁၇၆၃)ဦးရှိပြီး သံသယလူနာ(၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၉)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၉၃)ခု၌ နိုင်ငံသား(၆၁၅၅)ဦးရှိပြီး သံသယလူနာ(၆၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၀၉)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ဝေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၈ (ဝေါ) ======================== ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံးပစ္စည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

နတ်တလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၈ (နတ်တလင်း) ================= နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းသုံးပစ္စည်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ ရုံးသုံးပရိဘောဂနှင့် စက်ကိရိယာများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ပဲခူးတိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၈ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စနစ်ကျသောမြို့ပြများ ဖြစ်ပေါ်လာနိုင်စေရေး ယခုအချိန်ကတည်းက ကြိုတင်စီမံချက်ရေးဆွဲထားရန် လိုအပ်ကြောင်း၊ နောင်အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လမ်းဆုံနေရာ၊ လမ်းဖောက်လုပ်ရန်နေရာများ၊ အိမ်ရာမြေများ၊ ဘာသာရေးအသုံးပြုရန်မြေနေရာ၊ အားကစားကွင်း၊ စျေးမြေနေရာ၊ အပန်းဖြေနေရာ၊ ယာဉ်ရပ်ဝင်း၊ ဆေးရုံ၊ ဆေးခန်း၊ မီးသတ်စသည့် ဌာနဆိုင်ရာမြေနေရာတို့ကို မြို့ပြတိုးချဲ့ရာတွင် လျာထားရန်လိုအပ်ကြောင်းနှင့် တက်ရောက်လာသည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဌာနဆိုင်ရာများ ပညာရှင်များမှလည်း ဆွေးနွေးအကြံပြုပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက မြို့ပြတိုးချဲ့ရေးစီမံချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ကော်မတီဝင်များ၊ ပညာရှင်များမှ လိုအပ်သည်များ …

Read More »

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြေဧရိယာ(၁၄.၅၆)ဧက လာရောက်လှူဒါန်း

အောက်တိုဘာ ၈ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ အောက်တိုဘာလ(၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြေဧရိယာ(၁၄.၅၆)ဧက လာရောက်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အလိုင်နီဆည်အနီး မြေဧရိယာ(၁၄.၅၆)ဧကအား Jaing Nan Co., Ltd မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား မြေနေရာခွင့်ပြုချထားပေးနိုင်ရန်အတွက် မြေဧရိယာ(၁၄.၅၆)ဧကအား မြေပုံများ၊ စာချုပ်များဖြင့် လာရောက်လှူဒါန်းခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တာဝန်ရှိသူများ၊ Jaing Nan Co., Ltd ဒါရိုက်တာနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း …

Read More »