Home / 2020 / October / 09

Daily Archives: October 9, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ်တွင် မြေယာတိုင်ကြားစာအား စစ်ဆေးညှိနှိုင်းဆောင်ရွက်ပေး

အောက်တိုဘာ ၉ (ဖြူး) ————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာ(၉)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဖြူးမြို့နယ် ကြက်ပေါင်‌ချောင်းကျေးရွာအုပ်စု လေးအိမ်စုကျေးရွာနေ ဒေါ်ဌေးရီပါ(၂)ဦး၏ မြေယာတိုင်ကြားစာနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ဖြူးမြို့နယ် ကြက်ပေါင်‌ချောင်းကျေးရွာအုပ်စု လေးအိမ်စုကျေးရွာနေ ဒေါ်ဌေးရီပါ(၂)ဦးမှ အမြန်လမ်းမကြီး မိုင်တိုင်(၁၁၆/၃)ဖာလုံအနောက်ဘက် ကွင်းအမှတ်(OSS၄)၊ ကြေးတိုင်ပြင်ကွင်း၊ ဦးပိုင်အမှတ်(၅၆) ဧရိယာ(၂၅) ဧကကို ဘိုးဘွားစဉ်ဆက်ပိုင် မူလဓားမဦးချမြေအား ပြန်လည်ချထားပေးရန်နှင့် မြေသိမ်းဥပဒေနှင့်အညီ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် မှန်ကန်စွာဖြေရှင်းပေးပါရန် တင်ပြလာမှုအပေါ် စစ်ဆေးဆောင်ရွက်ရာတွင် ဖြူးမြို့နယ်အုပ်ချုပ်‌ရေးမှူး၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများက ‌မြေယာအမှုတွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ တိုင်ကြားသူ ဒေါ်ဌေးရီပါ(၂)ဦးမှ မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တင်ပြခြင်းများပြုလုပ်ကြကာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း …

Read More »

အောက်တိုဘာလ(၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၉ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၂၂)ခု၌ နိုင်ငံသား(၂၂၃၉)ဦးနှင့် သံသယလူနာ(၆၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၆၇)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၈)ခု၌ နိုင်ငံသား(၁၄၂၅)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၈၂)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၄)ခု၌ နိုင်ငံသား(၆၃၂)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၀)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၁၆)ခု၌ နိုင်ငံသား(၁၆၆၉)ဦးရှိပြီး သံသယလူနာ(၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၅)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၇၀)ခု၌ နိုင်ငံသား(၅၉၆၅)ဦးရှိပြီး သံသယလူနာ(၇၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၈၄)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ကျောက်တံခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၉ (ကျောက်တံခါး) ======================== ကျောက်တံခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ကုန်တင်ယာဉ်များ ကြန့်ကြာမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ရမည့် နည်းလမ်းများအား ဆွေးနွေး

အောက်တိုဘာ ၉ (ပဲခူး) ==================== အောက်တိုဘာလ(၉)ရက်နေ့၊ ညနေ(၅)နာရီအချိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ကုန်တင်ယာဉ်များ ကြန့်ကြာမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ရမည့် နည်းလမ်းများအား ဆွေးနွေးခြင်းအား Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်များ လိုက်နာရမည့် စည်းကမ်းချက်(SOP)များနှင့်ပတ်သက်၍ အငြင်းပွားနေမှုများရှိပြီး မလိုလားအပ်သော အချိန်နှင့် ရေထွက်ကုန်ပစ္စည်းတစ်ချို့ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း၊ ဒါကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ အားလုံးလက်ခံနိုင်သည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်များ လိုက်နာရမည့် စည်းကမ်းချက်(SOP)များ ပြန်လည်ထုတ်ပြန်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဝန်ကြီးချုပ်များမှ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်များ လိုက်နာရမည့် …

Read More »

ကြို့ပင်ကောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၉ (ကြို့ပင်ကောက်) ======================== ကြို့ပင်ကောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများနှင့် MATADOR STATIC ROLLER(12/15) Ton(၁)စီး ဝယ်ယူခြင်း၊ စက်ကရိယာများဝယ်ယူခြင်းနှင့် ရုံးသုံးပရိဘောဂပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်(ပစ္စည်းတင်ဒါ)နှင့် (လုပ်ငန်းတင်ဒါ)များအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၉ (ကျောက်ကြီး) ======================== ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၉ (ရေတာရှည်) ======================== ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ကဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၉ (ကဝ) ======================== ကဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၉ (သဲကုန်း) ======================== သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »