Home / 2020 / October / 13

Daily Archives: October 13, 2020

ပဲခူးတိုင်းဒေသကြီး ကျေးရွာမီးလင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၁၃ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး ကျေးရွာမီးလင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်း မီးလင်းရေးလုပ်ငန်းများကို ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်မီးရရှိခြင်းကြောင့် လူမှုဘဝများ တိုးတက်မြင့်မားလာခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှု/လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်းတို့ဖြစ်ကြောင်း၊ အထူးသဖြင့် ကျေးရွာများအထိ မီးလင်းနိုင်မှ ထင်းသုံးစွဲမှု လျော့ချနိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်ကျွမ်းကျင် သင်တန်းဆင်းများအား အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေးကိုလည်း ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းဆောင်ရွက်သည့် နေရာများကိုလည်း မိမိတို့အစိုးရအဖွဲ့မှ အခါအားလျော်စွာ ပံ့ပိုးကူညီ …

Read More »

တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများမှ Covid-19 အတွက် ထောက်ပံ့ငွေလာရောက်လှူဒါန်း

အောက်တိုဘာ ၁၃(ပဲခူး) ====================== အောက်တိုဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ဝန်ထမ်းများမှ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၂၃)သိန်းအား လာရောက်လှူဒါန်းခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက လက်ခံခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စာရင်းစစ် ဝန်ထမ်များအတွက် Mask နှင့် Face Shield များ ပြန်လည်ပေးအပ်ခဲ့သည်။ တိုင်းဒေသကြီး အောက်တိုဘာလ(၁၃)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ Facility Quarantine (၆၈၃)ခု၌ နိုင်ငံသား(၈၀၉၃)ဦးရှိပြီး သံသယလူနာ(၇၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၅၅၀)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

အောက်တိုဘာလ(၁၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၁၃ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၃-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၄၉)ခု၌ နိုင်ငံသား(၂၈၈၈)ဦးနှင့် သံသယလူနာ(၆၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၉၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၉)ခု၌ နိုင်ငံသား(၁၉၃၆)ဦးရှိ၊ သံသယလူနာ(၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၈)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၉၅)ခု၌ နိုင်ငံသား(၇၂၃)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၄၁)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၀၀)ခု၌ နိုင်ငံသား(၂၅၄၆)ဦးရှိပြီး သံသယလူနာ(၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၈၃)ခု၌ နိုင်ငံသား(၈၀၉၃)ဦးရှိပြီး သံသယလူနာ(၇၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၅၅၀)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၁၃ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံး ပစ္စည်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————–

Read More »

ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၁၃ (ပေါင်းတည်) ======================== ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————–

Read More »

ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၁၃ (ဒိုက်ဦး) ======================== ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများအား (ပထမအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————–

Read More »