Home / 2020 / October / 16

Daily Archives: October 16, 2020

အောက်တိုဘာလ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၁၆ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၃၉)ခု၌ နိုင်ငံသား(၂၉၇၂)ဦးနှင့် သံသယလူနာ(၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၃၅၃)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၀)ခု၌ နိုင်ငံသား(၁၈၀၃)ဦးရှိ၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၁)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၀)ခု၌ နိုင်ငံသား(၇၄၂)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၇၀)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၂၆)ခု၌ နိုင်ငံသား(၃၀၉၂)ဦးရှိပြီး သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၉၅)ခု၌ နိုင်ငံသား(၈၆၀၉)ဦးရှိပြီး သံသယလူနာ(၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၂၂)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၁၆ (ပဲခူး) ================== သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရန်ကုန်-ပြည်လမ်းမှ တည်ဆောက်ရေး(၉) ဧည့်ရိပ်သာထိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းကို သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်——————————

Read More »

နေရပ်ပြန် ပြည်သူများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန်အတွက် Young Investment Group Co., Ltd မှ ထောက်ပံ့ငွေလာရောက်လှူဒါန်း

အောက်တိုဘာ ၁၆ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ နေရပ်ပြန် ပြည်သူများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန်အတွက် Young Investment Group Co., Ltd မှ ထောက်ပံ့ငွေလာရောက်လှူဒါန်းသည်။ ရှေးဦးစွာ ဦးသီဟအောင်၊ ဒေါ်နန်းစောထွေး(Young Investment Group Co., Ltd) တာဝန်ရှိသူများက Covid-19 ကာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း(၁၀၀)အား လှူဒါန်းပေးအပ်ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

Read More »