Home / 2020 / October / 19

Daily Archives: October 19, 2020

အောက်တိုဘာလ(၁၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၁၉ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၄၉)ခု၌ နိုင်ငံသား(၂၇၄၈)ဦးနှင့် သံသယလူနာ(၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၂၇)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၃)ခု၌ နိုင်ငံသား(၁၇၉၁)ဦးရှိ၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၆၀)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၅)ခု၌ နိုင်ငံသား(၈၅၂)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၇၄)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၉၇)ခု၌ နိုင်ငံသား(၃၁၇၀)ဦးရှိပြီး သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၁၃)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၉၄)ခု၌ နိုင်ငံသား(၈၅၆၁)ဦးရှိပြီး သံသယလူနာ(၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၇၄)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၁၉ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး Video Conferencing ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မကြာမီ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊ လူနာတင်ယာဉ်များ(သို့မဟုတ်) အခြားနည်းလမ်းတစ်ခုခုဖြင့် ရန်ကုန်ဒေသမှ လူများအား ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှုမရှိဘဲ ပို့ဆောင်ပေးနေမှုကို ထိရောက်စွာ ဟန့်တားရန်လိုအပ်ကြောင်း၊ အထူးသဖြင့် နယ်စပ်ဝင်ပေါက်များကို အထူးဂရုဆောင်ရွက်နိုင်မှသာ မိမိတို့တိုင်းဒေသကြီးအတွင်း Covid-19 ကူးစက်ပြန့်ပွားမှု လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ပေးခဲ့သည့် စက်ရုံ/ အလုပ်ရုံများကိုလည်း အထူးကြီးကြပ်စစ်ဆေးရန်နှင့် အခါအားလျော်စွာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ရန််လိုအပ်ကြောင်း၊ စက်ရုံ/အလုပ်ရုံဝန်ထမ်း …

Read More »