Home / 2020 / October / 20

Daily Archives: October 20, 2020

ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံများ လာရောက်လှူဒါန်း

အောက်တိုဘာ ၂၀ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ အောက်တိုဘာလ(၂၀)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် CIC ကုမ္ပဏီမှ PPE ဝတ်စုံများ လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ CIC ကုမ္ပဏီ (ဆေးရုံသုံး၊ ရောဂါကာကွယ် အဝတ်အထည် ထုတ်လုပ်ရေးစက်ရုံ)မှ ဒါရိုက်တာ ဦးနေလမှ PPE ဝတ်စုံ(၁၀၀၀)စုံအား ပေးအပ်လှူဒါန်းရာ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ လှူဒါန်းရရှိသည့် PPE ဝတ်စုံများအား သက်ဆိုင်ရာ မြို့နယ်အလိုက် စာရင်းဇယားများဖြင့် စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

အောက်တိုဘာလ(၂၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၂၀ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၀-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၄၄)ခု၌ နိုင်ငံသား(၂၇၀၃)ဦးနှင့် သံသယလူနာ(၆၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၁၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၅)ခု၌ နိုင်ငံသား(၁၇၇၂)ဦးရှိ၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၈)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၀)ခု၌ နိုင်ငံသား(၈၃၆)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၇၆)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၂၆)ခု၌ နိုင်ငံသား(၃၁၀၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၇၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၀၅)ခု၌ နိုင်ငံသား(၈၄၁၇)ဦးရှိပြီး သံသယလူနာ(၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၂၅)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

“ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား” သို့ Online Meeting System ဖြင့် ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

အောက်တိုဘာ ၂၀ (ပဲခူး) =============== အောက်တိုဘာလ(၂၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က နေပြည်တော်၊ MICC(2) ခန်းမ၌ ကျင်းပပြုလုပ်သည့် “ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား” သို့ Online Meeting System ဖြင့် ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Human Papillomavirus (HPV)ကြောင့် ဖြစ်ပေါ်နိုင်သည့် အသက်အန္တရာယ်ဆိုင်ရာကိစ္စရပ်များနှင့် ကြိုတင်ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုးများကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPG ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံပေးရခြင်း၏ အကြောင်းအရင်းကိုလည်းကောင်း ပြောကြားခဲ့ပြီးနောက် ပညာပေး ဗီဒီယိုမှတ်တမ်းအား ပြသခဲ့သည်။ အဆိုပါသားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်း အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက် အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်သည်။ …

Read More »

Covid-19 ကာလအတွင်း နေရပ်ပြန် ပြည်သူများအတွက် စည်သွပ်ဗူးများ လာရောက်လှူဒါန်း

အောက်တိုဘာ ၂၀ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ဧည့်ခန်းမ၌ အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်(၁၁) နာရီအချိန်က Grandma Style Co., Ltd မှ Covid-19 ကာလအတွင်း နေရပ်ပြန် ပြည်သူများအတွက် စည်သွပ်ဗူးများ လာရောက်လှူဒါန်းသည်။ ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၏ ဇနီး မိကျင်သန်း မိသားစု ( Grandma Style Co., Ltd ) မှ Covid-19 ကာလအတွင်း နေရပ်ပြန် ပြည်သူများအတွက် တန်ဖိုးငွေကျပ်(၃၃)သိန်း တန်ဖိုးရှိ စည်သွပ်ဗူး(၂၅၀၀)ဗူးအား ထောက်ပံ့ပေးအပ်ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

Read More »