Home / 2020 / October / 23

Daily Archives: October 23, 2020

အောက်တိုဘာလ(၂၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၂၃ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၃-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၃၇)ခု၌ နိုင်ငံသား(၂၅၈၄)ဦး၊ သံသယလူနာ(၆၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၆၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၃)ခု၌ နိုင်ငံသား(၁၅၇၈)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၀၈)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၁)ခု၌ နိုင်ငံသား(၇၅၇)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၈၃)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၈၃)ခု၌ နိုင်ငံသား(၂၈၄၄)ဦးပြီး ရောဂါပိုးတွေ့ရှိသူ(၄၉၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၅၄)ခု၌ နိုင်ငံသား(၇၇၆၃)ဦးရှိပြီး သံသယလူနာ(၆၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၅၁)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၂၃ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိရှိလိုက်နာ ဆောင်ရွက်ရမည့် Video မှတ်တမ်းအား ပြသခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Facility Quarantine ပြုလုပ်ထားသည့် စာသင်ကျောင်းများနှင့် မဲရုံပြုလုပ်မည့် စာသင်ကျောင်းများ ထပ်နေ၍ ယာယီမဲရုံများ ဆောက်လုပ်ရာတွင် သတ်မှတ်ချိန်အမီ ပြီးစီးနိုင်ရေးလိုအပ်ကြောင်း၊ မဲဆန္ဒရှင်များ မှတ်ပုံတင်ထည့်ရန်အတွက် လည်ဆွဲကဒ်များအား အောက်တိုဘာလအကုန် နောက်ဆုံးထား၍ ဖြန့်ဝေပေးနိုင်ရေး ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မဲရုံတာဝန်ကျသူများနှင့် မဲဆန္ဒရှင်များ လိုက်နာရမည့် စည်းကမ်းများကို ကြိုတင်အသိပေး ဆိုင်းဘုတ်များ စိုက်ထူအသိပေးရန်လိုအပ်ကြောင်း၊ Covid-19 ကာလဖြစ်၍ ကြိုတင်မဲများ …

Read More »

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် အလှူငွေလှူဒါန်း

အောက်တိုဘာ ၂၃ (ပဲခူး) —————————- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ်တွင် အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်နှင့် အရံစေတီများ ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် အလှူငွပေးအပ်လှူဒါန်းကြောင်း သိရသည်။ လှူဒါန်းမှုပြုလုပ်ရာတွင် ကွယ်လွန်သူမိဘများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဒေါ်ခင်ကြည်တို့အား ရည်စူး၍ သမီးဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)နှင့် သားများမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ ကွယ်လွန်သူ (ဦးစိုး+ဒေါ်သန်းကျင်)၊ (ဦးမြင့်ခိုင်၊ ဒေါလှအိ)တို့အားရည်စူး၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော် သားမောင်စက်ဝင်းမာန်၊ သမီးမယွန်းဟေမာန်မိသားစုမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ နှစ်ဘက်မိဘများအားရည်စူး၍ ဦးမြသောင်းနှင့်ဇနီးဒေါ်ကြည်ဌေး မိသားစု ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ ဦးမြင့်ခိုင်(ဦးစီးအရာရှိ)ဇနီးဒေါ်စန္ဒာမိုး မိသားစုမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ ဦးဖြိုးဝင်းသန်း(ဦးစီးအရာရှိ)ဇနီး ဒေါ်မေရတနာစိုးထက် …

Read More »