Home / 2020 / October / 24

Daily Archives: October 24, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ခရိုင်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ

အောက်တိုဘာ ၂၄ (ပြည်) ================= ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ (၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူတစ်ဦးချင်း မိမိတို့လိုလားသည့် အစိုးရတစ်ရပ်ကို လွတ်လပ်စွာ ရွေးချယ်မဲပေးနိုင်ရေး အလွန်အရေးကြီးကြောင်း၊ မဲရုံအပြင်တွင်လည်း Covid-19 ရောဂါ ကူးစက်မှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို အသိပေးဆိုင်းဘုတ်များ စိုက်ထူထားရန်နှင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲဲ့ခွဲအလိုက် လိုအပ်ချက်များ တင်ပြပေးရန် ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေများနှင့်ပတ်သက်၍ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ကော်မတီအဖွဲ့အား အထောက်အပံ့ပစ္စည်းများပေးအပ်၊ ဖိုးဦးတောင်စေတီတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ကြည့်ရှု

အောက်တိုဘာ ၂၄ (ပန်းတောင်း) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ (၂၄)ရက်နေ့ နံနက်(၉)နာရီအချိန်က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်၊ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့်အတူ ပန်းတောင်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး COVID-19 အတည်ပြုလူနာများ ထားရှိကုသပေးမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးကာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီထံသို့ ကျန်းမာရေး အထောက်အပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖိုးဦးတောင်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ပြီး ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် လမ်းနှင့် လျှပ်စစ်မီးဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများအား လမ်းညွှန်မှာကြားပြီး ဖြည့်ဆည်းပေးရန် လိုအပ်ချက်များအား ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းအားပေးဆောင်ရွက်

အောက်တိုဘာ ၂၃ (ကြို့ပင်ကောက်) ———————————- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် အောက်တိုဘာလ(၂၃)ရက်နေ့ ညနေ(၄)နာရီအချိန်ခန့်က သာယာဝတီမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၊ သာယာဝတီခရိုင်/မြို့နယ်တို့မှ တာဝန်ရှိသူများက သာယာဝတီခရိုင်၏ လက်ရှိ COVID-19 ရောဂါ ဖြစ်ပွားနေမှုအခြေအနေများ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကြုံတွေ့နေရသော အခက်အခဲများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့မှ သိလိုသည်များအား မေးမြန်းခြင်း၊ လိုအပ်သည်များကို ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး သာယာဝတီအကျဉ်းထောင် အတွက် လိုအပ်သော ကျန်းမာရေး အကာအကွယ်ပစ္စည်းများနှင့် ငွေသား (၁၀) သိန်းကျပ်နှင့် …

Read More »

အောက်တိုဘာလ(၂၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၂၄ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၄-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၃၃)ခု၌ နိုင်ငံသား(၂၄၉၉)ဦး၊ သံသယလူနာ(၆၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၅၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၁)ခု၌ နိုင်ငံသား(၁၅၅၀)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၇၉)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၆)ခု၌ နိုင်ငံသား(၇၇၃)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၇၇)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇၇)ခု၌ နိုင်ငံသား(၂၇၅၂)ဦးပြီး ရောဂါပိုးတွေ့ရှိသူ(၅၁၀)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၄၇)ခု၌ နိုင်ငံသား(၇၅၇၄)ဦးရှိပြီး သံသယလူနာ(၆၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၂၀)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »