Home / 2020 / November

Monthly Archives: November 2020

နိုဝင်ဘာလ(၃၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၃၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၃၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၆)ခု၌ နိုင်ငံသား(၂၀၇၈)ဦး၊ သံသယလူနာ(၅၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၄၃)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၀)ခု၌ နိုင်ငံသား(၉၈၇)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၁)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၈)ခု၌ နိုင်ငံသား(၈၄၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၃၃)ခု၌ နိုင်ငံသား(၁၅၀၇)ဦးပြီး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၇၀)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၅၇)ခု၌ နိုင်ငံသား(၅၄၁၇)ဦးရှိပြီး သံသယလူနာ(၅၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၅၇)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

နိုဝင်ဘာ ၃၀ (ဇီးကုန်း) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၃၀)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဇီးကုန်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဇီးကုန်းမြို့နယ်အတွင်း COVID-19‌ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ အဖွဲ့ဝင် မြို့နယ်ကုသရေးဦးစီးဌာနမှူးက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် COVID-19‌ရောဂါနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား တင်ပြကြရာ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးပြီး ဇီးကုန်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး‌ ကော်မတီအဖွဲ့ထံသို့ လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် ငွေ(၅)သိန်းကျပ်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၅)ထပ်လူနာဆောင် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှု

နိုဝင်ဘာ ၃၀ (ပြည်) —————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုင်ဝင်ဘာလ (၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် (၅)ထပ်လူနာဆောင်ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ‌ရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာရဲအောင်ထွန်းနှင့် အထူးကုဆရာဝန်ကြီးများမှ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ COVID လူနာများအား ကုသပေးနေမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်ရန် လျာထားလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း က ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်းများအားလုံး၏ ဆောင်ရွက်မှုများကို လေးစားစွာ ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်၍လည်း ကြိုးစားဆောင်ရွက်ပေးဘို့ တိုက်တွန်းလိုပါကြောင်း၊ ယခုလာရသည့် အကြောင်းရင်းမှာလည်း မိမိတို့အစိုးရလက်ထက်တွင် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ခရိုင်အတွင်း ဖွံ့ဖြိုးရေးစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

နိုဝင်ဘာ ၂၉ (ပြည်ခရိုင်) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ပြည်မြို့ ကမ္ဘာ့အ‌မွေအနှစ် သရေခေတ္တရာပျူမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တိမ်‌မြုပ်ပျောက်ကွယ်နေသည့် ရှေးဟောင်းပုထိုးစေတီတစ်ဆူအား ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှု့ စစ်ဆေးပြီး ပြန်လည်ဖော်ထုတ်၍ ထိန်းသိမ်းနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ရန်ပုံငွေများ လျာထားဆောင်ရွက်ရန် သက်ဆိုင်ရာ လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်သို့သွားရောက်ပြီး ရွှေနတ်တောင်ဘုရားအနီး ဖက်ဆစ်တော်လှန်ရေးကာလ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တခဏနားခိုခဲ့သည့်နေရာနှင့် ဗိုလ်ချုပ်ကြေးရုပ်တည်ရှိရာ ဦးချစ်+ဒေါ်အေးရှင် ဇရပ် အဆောက်အဦနေရာ၌ ကျွန်းကလေးကျေးရွာ သာသနာ့ရက္ခိတကျောင်းဆရာတော် ဘဒ္ဒန္တသုဒ္ဓါစာရနှင့် သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်း၊ …

Read More »

နိုဝင်ဘာလ(၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၉-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၆၁)ခု၌ နိုင်ငံသား(၂၀၇၉)ဦး၊ သံသယလူနာ(၅၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၉၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၂)ခု၌ နိုင်ငံသား(၉၇၈)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၆)ခု၌ နိုင်ငံသား(၈၃၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၈)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၄၀)ခု၌ နိုင်ငံသား(၁၅၁၈)ဦးပြီး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၇၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၈၉)ခု၌ နိုင်ငံသား(၅၄၀၅)ဦးရှိပြီး သံသယလူနာ(၅၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၀၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း သာယာဝတီခရိုင်အတွင်း ဖွံ့ဖြိုးရေးစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

နိုဝင်ဘာ ၂၈ (သာယာဝတီခရိုင်) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းအချိန်က သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့ မီးနင်းချောင်းဂိတ်တွင် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်နိုင်ရေး စစ်ဆေးနေမှုအား ကြည့်ရှု့ပြီး တာဝန်ရှိသူများထံသို့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ သာယာဝတီမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ယာ၊ ဓာတ်ခွဲ၊ ဓာတ်မှန်‌ဆောင် အဆောက်အဦသစ်များ ဆောက်လုပ်ပြီးစီးမှုအ‌ခြေအ‌နေအား ကြည့်ရှု့စစ်ဆေးခြင်း ကိုဗစ်-၁၉ လူနာများ ထားရှိကုသပေးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ဆေးရုံသုံးကျန်းမာရေး အကာအကွယ်ပစ္စည်းများနှင့် ဆေးရုံတွင် ကျန်းမာရေးလုပ်ငန်းများ အသုံးပြုနိုင်ရန်အတွက် အလှူငွေ(၅)သိန်းကျပ်လှူခြင်း၊ မွေးကင်းစကလေးငယ်(၂၇)ဦးအတွက် ငွေကျပ်(၂၇၀၀၀ဝိ/)တို့အား ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ် အင်းရွာ- သခင်ဗျော …

Read More »

နိုဝင်ဘာလ(၂၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၈ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၈-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၆၄)ခု၌ နိုင်ငံသား(၂၁၆၁)ဦး၊ သံသယလူနာ(၅၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၇၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၆)ခု၌ နိုင်ငံသား(၉၄၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၆)ခု၌ နိုင်ငံသား(၈၁၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၆၃)ခု၌ နိုင်ငံသား(၁၇၇၂)ဦးပြီး၊ သံသယလူနာ(၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၁၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၀၉)ခု၌ နိုင်ငံသား(၅၆၃၆)ဦးရှိပြီး သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၂၇)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

နိုဝင်ဘာလ(၂၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၇ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၇-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၆၇)ခု၌ နိုင်ငံသား(၂၁၄၁)ဦး၊ သံသယလူနာ(၅၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၂၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၃)ခု၌ နိုင်ငံသား(၈၉၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၆၁)ခု၌ နိုင်ငံသား(၈၃၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၆၅)ခု၌ နိုင်ငံသား(၁၇၄၀)ဦးပြီး၊ သံသယလူနာ(၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၀၉)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၂၆)ခု၌ နိုင်ငံသား(၅၆၁၂)ဦးရှိပြီး သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃၉)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ပေါ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

နိုဝင်ဘာ ၂၇ (ပဲခူး) —————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ပေါ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ လေဆိပ်တည်ဆောက်ရေးရှင်းလင်းဆောင်၌ ဝန်ကြီးချုပ်နှင့်အဖွဲ့အား လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းစီမံကိန်း ရေတိုရေရှည်စီလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးတိုးက ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် ချိတ်ဆက်သွားလာမည့် ဆက်သွယ်ရေးလမ်းများ ဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး လယ်‌ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင် မြေယာဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လေယာဉ်ကွင်းဧရိယာအတွင်း နှစ်တိုနှစ်ရှည်သီးနှံပင်များ စိုက်ပျိုးထားရှိမှုများအားလည်းကောင်း၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ရေရရှိရေးလုပ်ငန်းများ …

Read More »

ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နိုဝင်ဘာ ၂၆ (ပဲခူး) ============================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ(၂၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ကာလအတွင်း နိုင်ငံတော်အစိုးရမှ လက်လုပ်လက်စား အိမ်ထောင်စုများသို့ ထောက်ပံ့ပေးမှုများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် စနစ်တကျဆောင်ရွက်ရန်၊ တိုင်ကြားမှုများရှိလာပါက စိစစ်၍ မသမာမှုတွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအပြင် Covid-19 ရောဂါပိုး များပြားစွာတွေ့ရှိရသည့် မြို့နယ်/ ရပ်ကွက်/လမ်းအလိုက် သီးခြားကိုင်တွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအတွက် လိုအပ်ချက်များကို မြို့နယ်အလိုက် တင်ပြပေးရန်နှင့် မြို့နယ်အလိုက် များပြားလာသည့် ပို့တွေ့သူနာများနှင့် ပို့တွေ့လူနာနှင့်ထိစပ်သူများ ထားရှိရန် သီးခြားနေရာများ စီမံဆောင်ရွက်ထားကြရန် ပြောကြားခဲ့သည်။ ထို့နောက် …

Read More »