Home / 2020 / November / 05

Daily Archives: November 5, 2020

နိုဝင်ဘာလ(၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၃)ခု၌ နိုင်ငံသား(၂၁၂၁)ဦး၊ သံသယလူနာ(၆၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၀၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၅)ခု၌ နိုင်ငံသား(၆၄၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၅၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၈၄)ခု၌ နိုင်ငံသား(၆၉၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၉၀)ခု၌ နိုင်ငံသား(၈၄၇)ဦးပြီး ရောဂါပိုးတွေ့ရှိသူ(၁၀၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၈၂)ခု၌ နိုင်ငံသား(၄၃၁၀)ဦးရှိပြီး သံသယလူနာ(၆၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၇၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မြို့နယ်ကော်မရှင်အဖွဲ့နှင့်​ေတွဆုံ

နိုဝင်ဘာ ၅ (ရေတာရှည်) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိဝင်ဘာ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်က ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိင်ရေးအတွက် မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မဲဆန္ဒရှင်များအ‌နေဖြင့် နည်းစနစ်မှန်ကန်စွာ မဲပေးနိုင်ရန် ကြိုတင်စီစဥ် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မှားယွင်းမှုများကြောင့် ပယ်မဲဖြစ်ခဲ့ပါက မဲဆန္ဒရှင်နှင့် မိမိပေးလိုသော ကိုယ်စားလှယ်အတွက်ပါ နစ်နာနိုင်ကြောင်း ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ကိုဗစ်ရောဂါနှင့် ပါတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်ညွှန်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်နိုင်ရေးတို့ကို အထူးဂရုပြု ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် ရေတာရှည်မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ ဥက္ကဌ ဦးစိန်ထွန်းက မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့်အဖွဲ့ဝင်များအား ကျန်းမာရေးသုံး အကာအကွယ်အသုံးအဆောင်ပစ္စည်းများရရှိမှုနှင့် ထုတ်ပေးမည့် ကိစ္စရပ်များကိုလည်းကောင်း၊ မဲရုံများတွင် …

Read More »

ကဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုဝင်ဘာ ၄ (ကဝ) ===================== ကဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုဝင်ဘာ ၄ (ဝေါ) ===================== ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံးပစ္စည်းများ၊ LED မီးလုံးများ၊ ရေသယ်ယာဉ်နှင့် မြို့တော်ခန်းမတွင် တပ်ဆင်ရန် လိုအပ်သော စက်ပစ္စည်းများ၀ယ်ယူနိုင်ရေး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————————

Read More »