Home / 2020 / November / 06

Daily Archives: November 6, 2020

နိုဝင်ဘာလ(၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၆-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၆)ခု၌ နိုင်ငံသား(၂၁၉၈)ဦး၊ သံသယလူနာ(၆၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၀၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၉၇)ခု၌ နိုင်ငံသား(၅၉၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၅၅)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၈၆)ခု၌ နိုင်ငံသား(၆၉၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၂)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၉၀)ခု၌ နိုင်ငံသား(၉၂၈)ဦးပြီး ရောဂါပိုးတွေ့ရှိသူ(၁၁၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၆၉)ခု၌ နိုင်ငံသား(၄၄၁၀)ဦးရှိပြီး သံသယလူနာ(၆၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၇၈)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုဝင်ဘာ ၆ (သာယာဝတီ) ——————– သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံးပစ္စည်းများ(ပစ္စည်းတင်ဒါ) ခေါ်ယူနေခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံ ကြည့်ရှုရန်—————————

Read More »

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ဆက်သွယ်ထားသည့် ဒါးပိန်-သပြု ပဲခူးမြစ်ကူးတံတား ဖွင့်လှစ်ပွဲကျင်းပပြုလုပ်

နိုဝင်ဘာ ၆ (ကဝ) ——————– ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဆားတလင်း- ဒါးပိန်- ကျွဲကူးဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီး သပြု – ရှမ်းကံ – ကဝ လမ်းအား ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန် – သပြု ) ဖွင့်လှစ်ပေးခြင်းအား နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၇:၃၀)အချိန်က ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က အဖွင့်အမှာစကားပြောကြားပြီး တံတားကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ တံတားကြီးပေါ်သို့ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု)သည် တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အပံ့ဖြစ်နိုင်စေရန် ယခုစီမံကိန်းအား တည်ဆောက်ရန် ရည်ရွယ်ရခြင်းဖြစ်ကြောင်း၊ သီလဝါဆိပ်ကမ်းမှ ကုန်သေတ္တာများအား ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု-ရှမ်းကံ-ကဝလမ်းအား ချိတ်ဆက်၍ တိုင်းဒေသကြီး(၂)ခု၏ ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်သွား စေရန်အတွက်ဖြစ်ကြောင်း၊ …

Read More »