Home / 2020 / November / 07

Daily Archives: November 7, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်အတွင်းရှိ မဲရုံများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နိုဝင်ဘာ ၇ (ရေတာရှည်) —————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းအချိန်က၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ လုံခြုံစိတ်ချစွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်းရှိ မဲရုံများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေနီမြို့ အမှတ်(၄)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၊ အမှတ်(၂)ရပ်ကွက်ရှိ မဲရုံ၊ အမှတ်(၁)ရပ်ကွက်ရှိ မဲရုံအမှတ်(၂)၊ ဆပ်သေကျေးရွာအုပ်စုရှိ မဲရုံများကို သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အကာအကွယ်ပစ္စည်းများထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ လွှတ်တော်သုံးရပ်အတွက် မဲပေးနိုင်ရန် စီစဉ်ထားရှိမှုများနှင့် မဲမသမာမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်ထားရှိရန်တို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည် မြို့လှမြို့သို့သွားရောက်ပြီး (၁)ရပ်ကွက် ငွေတောင်အမက(လွန်)ကျောင်းတွင် ဖွင့်လှစ်ထားရှိသော မဲရုံအမှတ်(၃)၊ စည်ပင်သာယာမဲရုံ၊ ရွှေကြက်ယက်တောင်ရပ်ကွက်၊ မဲရုံအမှတ်(၁)တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို …

Read More »

နိုဝင်ဘာလ(၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၇ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၇-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၀)ခု၌ နိုင်ငံသား(၂၁၃၉)ဦး၊ သံသယလူနာ(၆၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၃၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၉၅)ခု၌ နိုင်ငံသား(၅၉၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၄)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၈၆)ခု၌ နိုင်ငံသား(၆၇၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၁၁)ခု၌ နိုင်ငံသား(၉၈၈)ဦးပြီး ရောဂါပိုးတွေ့ရှိသူ(၉၆)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၅၉၂)ခု၌ နိုင်ငံသား(၄၃၉၉)ဦးရှိပြီး သံသယလူနာ(၆၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၈၉)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »