Home / 2020 / November / 08

Daily Archives: November 8, 2020

နိုဝင်ဘာလ(၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၈ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၈-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၂၃)ခု၌ နိုင်ငံသား(၂၂၅၀)ဦး၊ သံသယလူနာ(၆၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၀၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၉၉)ခု၌ နိုင်ငံသား(၆၂၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၅)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၈၆)ခု၌ နိုင်ငံသား(၇၀၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၅)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၁၅)ခု၌ နိုင်ငံသား(၁၀၂၄)ဦးပြီး ရောဂါပိုးတွေ့ရှိသူ(၉၀)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၂၃)ခု၌ နိုင်ငံသား(၄၆၀၀)ဦးရှိပြီး သံသယလူနာ(၆၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၄၉)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီး ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာ မဲရုံအမှတ် (၂) တွင် ဆန္ဒမဲလာ‌ရောက်ပေး

နိုဝင်ဘာ ၈ (ရေတာရှည်) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော်သည် နိုဝင်ဘာလ(၈)ရက်နေ့ နံနက်(၆:၂၀)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ စိုင်တမော့ကြီးကျေးရွာရှိ မဲရုံအမှတ် ၂ တွင် ဆန္ဒမဲလာ‌ရောက်ပေးကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်လျှက်ရှိသည့်အပြင် ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရေတာရှည်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဥ်ပြိုင်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဆန္ဒမဲပေးပြီးနောက် ရေတာရှည်မြို့နယ်အတွင်းရှိ ကြံသနွယ်၊ နန်ချွန်၊ ရွှေပြည်ကုန်းကျေးရွာများရှိ မဲရုံများသို့ လှည့်လည်ကြည့်ရှုခဲ့‌ကြောင်း သတင်းရရှိသည်။

Read More »