Home / 2020 / November / 10

Daily Archives: November 10, 2020

သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုဝင်ဘာ ၁၀ (သဲကုန်း) ========================= သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————————–

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်ကြီးမြို့နယ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့်တွေ့ဆုံ

နိုဝင်ဘာ ၁၀ (ကျောက်ကြီး) —————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၁၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကျောက်ကြီးမြို့နယ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျောက်ကြီးမြို့နယ်သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လုပ်ဆောင်ရန် ကျန်ရှိနေမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရအဖွဲ့မှ ပံ့ပိုးပေးရန်လိုအပ်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်း‌ပေးမည့်အခြေအနေ၊ လျှပ်စစ်မီးလင်းရေး ဆက်လက်လုပ်‌ဆောင်ပေးမည့်အ‌ခြေအနေ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖြည့်ဆည်းပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည့် အပြင် ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်အကြား လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်စေရန်အတွက် ဘဏ္ဍာရေးနှစ်အလိုက် ဘက်ဂျက်ထည့်သွင်း ရေးဆွဲတောင်းခံကြရန် တာဝန်ရှိသူများအပေါ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

နိုဝင်ဘာလ(၁၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၁၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၀)ခု၌ နိုင်ငံသား(၂၄၅၇)ဦး၊ သံသယလူနာ(၄၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၀၈)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၁)ခု၌ နိုင်ငံသား(၆၄၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၅၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၉၁)ခု၌ နိုင်ငံသား(၆၇၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၂၄)ခု၌ နိုင်ငံသား(၁၁၈၅)ဦးပြီး၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၉)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၆၆)ခု၌ နိုင်ငံသား(၄၉၆၆)ဦးရှိပြီး သံသယလူနာ(၄၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၂၇)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ကြို့ပင်ကောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုဝင်ဘာ ၁၀ (ကြို့ပင်ကောက်) ========================= ကြို့ပင်ကောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ရုံးသုံးပရိဘောဂနှင့် စက်ပစ္စည်းများ အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————————–

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ထန်းတပင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

နိုဝင်ဘာ ၁၀ (ထန်းတပင်) ————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က တောင်ငူခရိုင် ထန်းတပင်မြို့အဝင် ကိုဗစ်-၁၉စစ်ဆေးဂိတ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးရာတွင် ထန်းတပင်မြို့နယ် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပြီးစီးမှုအခြေအနေများ၊ ကိုဗစ်-၁၉ဖြစ်ပွားအခြေအနေ၊ ကာကွယ်ရေး၊ ကုသရေး၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးကြပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးမှုအပေါ် ဝန်ကြီးချုပ်က ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှ ထန်းတပင်မြို့အဝင် ကိုဗစ်-၁၉စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့နယ်အတွင်းမှ ယာယီပိတ်သိမ်းထားသည့် စက်ရုံများအား ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် (၄၀%) ခွင့်ပြုပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

နိုဝင်ဘာ ၁၀ (ပဲခူး) ———————— ပဲခူးမြို့ ဥဿာမြို့သစ်၊ (၆)ရပ် ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကျန်းမာ‌ရေးညွှန်ကြားချက်များနှင့်အညီ COVID-19‌ ရောဂါ ဒုတိယလှိုင်း Stay at Homeကာလအတွင်း ယာယီပိတ်သိမ်းထားသည့် စက်ရုံများအား ဒုတိယအကြိမ် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀%) ခွင့်ပြုပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးဦးထွန်းထွန်းဦး၊ လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကေသီခိုင်၊ ပဲခူးမြို့နယ်ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်နှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာစက်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦးက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကေသီခိုင်က လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀%)ထုတ်ပေးနေမှု အခြေအနေတို့ကို …

Read More »

လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူးရုံး နှစ်ထပ်အ‌ဆောက်အဦသစ် ဖွင့်ပွဲကျင်းပပြုလုပ်

နိုဝင်ဘာ ၁၀ (ပဲခူး) —————————— ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်းမတန်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးဝန်းအတွင်း၌ နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး နှစ်ထပ်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး ကရင်းတိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေခြည်သက်နိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်နှင့် ဝန်ထမ်းများက ပဲခူးမြို့ ပန်းခြံကုန်းပရဟိတကျောင်းဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်တို့ထံမှ အနုမောဒနာတရားနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကရင်းတိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ အဆောက်အဦအသစ်အတွင်း လှည့်လည်ကြည့်ရှုရာ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးက လိုက်လံရှင်းလင်းပြသသည်။ အဆိုပါ အဆောက်အဦသစ်သည် အလျား(၇၅)ပေ၊ အနံ(၄၅)ပေ၊ အမြင့်(၂၄)ပေ နှစ်ထပ်အာစီအဆောက်အဦဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း(၁၇၅.၂၆၀)ဖြင့် …

Read More »