Home / 2020 / November / 12

Daily Archives: November 12, 2020

နိုဝင်ဘာလ(၁၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၁၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၂-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၆၄)ခု၌ နိုင်ငံသား(၂၄၉၅)ဦး၊ သံသယလူနာ(၅၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၃၆)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၉၇)ခု၌ နိုင်ငံသား(၆၅၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၁)ခု၌ နိုင်ငံသား(၆၉၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၅)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၀)ခု၌ နိုင်ငံသား(၁၃၇၅)ဦးပြီး၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၄၂)ခု၌ နိုင်ငံသား(၅၂၁၄)ဦးရှိပြီး သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၆၆)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

အားကစား အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နိုဝင်ဘာ ၁၂ (ပဲခူး) ——————————– ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားခန်းမတွင် နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေဖြင့် ဝယ်ယူထားသည့် သင်တန်းနှင့်သရုပ်ပွဲသုံးပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစားပစ္စည်းများအား တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီများနှင့် အားကစားကလပ်များထံသို့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အားကစားလုပ်ငန်းများ ဖော်ဆောင်မှု၏ အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အားကစားပစ္စည်းများနှင့် အားကစားအထောက်အကူပြုပစ္စည်း ပြည့်စုံမှုသည် အခြေခံကျသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူလူထုအတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများကို အဖက်ဖက်ကကောင်းမွန် ပြည့်စုံလာအောင် စီမံဆောင်ရွက်‌ပေးလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် မျိုးချစ်စိတ်ဓာတ်ပိုမိုထက်သန်စေသည့် အားကစားကဏ္ဍကိုလည်း အစစအရာရာ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဓိကကျသည့် ခရိုင်နှင့်မြို့နယ်များမှ အားကစားကွင်း၊ အားကစားရုံများကို အသစ်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ …

Read More »