Home / 2020 / November / 15

Daily Archives: November 15, 2020

နိုဝင်ဘာလ(၁၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၁၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၈၆)ခု၌ နိုင်ငံသား(၂၆၄၃)ဦး၊ သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၉၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၇)ခု၌ နိုင်ငံသား(၆၂၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၅)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၀)ခု၌ နိုင်ငံသား(၈၁၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၅)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၇၀)ခု၌ နိုင်ငံသား(၁၅၈၈)ဦးပြီး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၀)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၀၃)ခု၌ နိုင်ငံသား(၅၆၆၇)ဦးရှိပြီး သံသယလူနာ(၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၈၅)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့နယ်အတွင်း မျက်နှာနှင့်နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်ရေးစီမံချက် (Mask Campaign) ပူးပေါင်းဆောင်ရွက်

နိုဝင်ဘာ ၁၅ (ပဲခူး) ————————- ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ရှိန်းတို့ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၈)နာရီအချိန်က ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၁၁)ပဲခူးမှ ဒုရဲမှူးဝင်းနိုင်စိုးဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ ပဲခူးမြို့ပေါ်လူစည်ကားရာနေရာများနှင့် ဈေးများအတွင်း မျက်နှာနှင့်နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်ရေးစီမံချက် (Mask Campaign)အား ပူးပေါင်းဆောင်ရွက်ကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း COVID19ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်နေသော ပဲခူးမြို့နယ် အပါအဝင် Stay at home သတ်မှတ်ထားသော မြို့နယ်များ၊ ရောဂါဖြစ်ပွားမှုများနေသော/ ဒေသတွင်းကူးစက်မှုများ တွေ့ရှိနေရသော မြို့နယ်များအား အဓိကထား၍ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ကားဂိတ်များ၊ ဆေးရုံပြင်ပလူနာဌာန၊ လူနာများစောင့်ဆိုင်းရာနေရာများ၊ အချုပ်စခန်းများ၊ အကျဉ်းထောင်များ၊ ဘုန်းတော်ကြီးကျောင်းများ စသည့် လူအများစုဝေးရာနေရာများတွင် မျက်နှာနှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ရေးစီမံချက် (Mask Campaign) …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ပေါ်ရှိ အခြေခံလူတန်းစားများတွက် We Love Bago အဖွဲ့သို့ အလှူငွေလှူဒါန်း

နိုဝင်ဘာ ၁၅ (ပဲခူး) ————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၁)နာရီအချိန်က မိမိရရှိသောလစာငွေမှ ပဲခူးမြို့ပေါ်ရပ်ကွက်အသီးသီးရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ လှူဒါန်းပေးနိုင်ရန် သီရိဟံခန်းမတွင် ဖွင့်လှစ်ထားရှိသော We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့သို့ အလှူငွေများလှူဒါန်းခြင်းနှင့် စောင့်ကြည့်စခန်းများရှိ စေတနာ့ဝန်ထမ်းများအတွက် နေ့လည်စာထမင်းထုတ်များ လှူ‌ဒါန်းပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသန့်ဇော်ဦး၊ We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့ နာယက၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စေတနာ့ဝန်အဖွဲ့များ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့ပေါ်ရပ်ကွက်အသီးသီးရှိ အခြေခံလူတန်းစားများအတွက် …

Read More »