Home / 2020 / November / 16

Daily Archives: November 16, 2020

နိုဝင်ဘာလ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၁၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၆-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၈၅)ခု၌ နိုင်ငံသား(၂၆၆၆)ဦး၊ သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၉၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၀၇)ခု၌ နိုင်ငံသား(၆၃၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၆)ခု၌ နိုင်ငံသား(၇၈၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၂)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၈၃)ခု၌ နိုင်ငံသား(၁၆၉၀)ဦးပြီး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၆)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၁၁)ခု၌ နိုင်ငံသား(၅၇၇၅)ဦးရှိပြီး သံသယလူနာ(၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၀၈)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ရွှေကျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုဝင်ဘာ ၁၆ (ရွှေကျင်) ==================== ရွှေကျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်း(၄)ခု ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုဝင်ဘာ ၁၆ (ထန်းတပင်) ==================== ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဂါလံ(၈၀၀)ဆံ့ ရေကားဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မဇ္ဈိမသတင်းမီဒီယာ Online အင်တာဗျူးပြုလုပ်

နိုဝင်ဘာ ၁၆ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မဇ္ဈိမသတင်းမီဒီယာ Online အင်တာဗျူးပြုလုပ်သည်။ ရှေးဦးစွာ မဇ္ဈိမသတင်းမီဒီယာ အယ်ဒီတာ ဦးဝင်းနိုင်က ရွေးကောက်ပွဲဆိုင်ရာ အနိုင်ရရှိမှု၊ ပဲခူးတိုင်းဒေသကြီး၏ ပထဝီအနေအထားအရ အုပ်ချုပ်မှုမလွယ်ကူတဲ့အတွက် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုများ၊ Covid-19 ကာလ ထောက်ပံ့ကြေး(၄၀၀၀၀)ပေးခြင်းအပေါ် ဝေဖန်မှုဖြစ်၍ ဖြေရှင်းဆောင်ရွက်ပေးရန်ကိစ္စရပ်များ၊ နောင်(၅)နှစ်မှာ ဦးစားပေးလုပ်ကိုင်ရမည့် ကဏ္ဍများ၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေ၊ စည်ပင်သာယာရေးလုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နောင်(၅)နှစ်မှာ တိုးတက်လာမည့် အခြေအနေ၊ နောင်သက်တမ်း(၅)နှစ် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိ/မရှိ၊ ပါတီဗဟို၏ ညွှန်ကြားချက်များ၊ လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် တာဝန်ထမ်းဆောင်ရမည်ဆိုပါက မည်ကဲ့သို့ ဆောင်ရွက်မလဲ စသည့် မေးခွန်းများ မေးမြန်းခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မေးခွန်းတစ်ခုချင်းအလိုက် အုပ်ချုပ်ရေးကဏ္ဍ၊ …

Read More »