Home / 2020 / November / 17

Daily Archives: November 17, 2020

ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

နိုဝင်ဘာ ၁၇ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting System ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရွေးကောက်ပွဲကာလပြီးမြောက်ခဲ့ပြီးဖြစ်၍ Covid-19 ရောဂါ ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ Covid-19 ရောဂါနှင့်ပတ်သက်၍ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် စည်းကမ်းလိုက်နာမှု အားနည်းနေသည်ကိုလည်း သိရှိနေရကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်သူများတစ်ဦးချင်းအလိုက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရန် အသိပညာပေးခြင်းများ ဆောင်ရွက်ထားပြီးလည်းဖြစ်ကြောင်း၊ မလိုက်နာပါကလည်း ဥပဒေအရ ပြင်းပြင်ထန်းထန်း အရေးယူဆောင်ရွက်သွားမည်ကို သတိပေးလိုက်ကြောင်း၊ Stay at Home မြို့နယ်များတွင် အခြေခံလူတန်းစာ အိမ်ထောင်စု(၁)ခုလျှင် (၄)သောင်းနှုန်း၊ ကျန်မြို့နယ်များရှိ အခြေခံလူတန်းစာ …

Read More »

နိုဝင်ဘာလ(၁၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၁၇ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၇-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၇၈)ခု၌ နိုင်ငံသား(၂၅၇၀)ဦး၊ သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၅၂၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၁၅)ခု၌ နိုင်ငံသား(၆၇၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၂)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၈)ခု၌ နိုင်ငံသား(၇၈၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၆)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၉၀)ခု၌ နိုင်ငံသား(၁၈၀၇)ဦးပြီး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၉)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၂၁)ခု၌ နိုင်ငံသား(၅၈၄၁)ဦးရှိပြီး သံသယလူနာ(၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၃၇)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ရေတာရှည်မြို့နယ်၊ ရေနီမြို့တွင် ခေတ်မီ(၂)ထပ်စျေး တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုဝင်ဘာ ၁၇ (ရေတာရှည်) ====================== ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်၊ ရေနီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကွင်းအမှတ်(၇၃၇)၊ ဦးပိုင်အမှတ်(၇၆/က)၊ မြေဧရိယာ(၀.၈၉)ဧကပေါ်ရှိ ရေနီစျေးဟောင်းမြေနေရာတွင် ခေတ်မီ(၂)ထပ်စျေး တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အလုံးစုံရင်းနှီးမြှုပ်နှံမှု Developer ခေါ်ယူမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————–

Read More »