Home / 2020 / November / 19

Daily Archives: November 19, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း နိုင်ငံတော်သံဃမဟာနာယအဖွဲ့ (ဒု-ဥက္ကဌ ငြိမ်း) ဘဒ္ဒန္တဩဘာသ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားဖူးမျှော်ကြည်ညို

နိုဝင်ဘာ ၁၉ (ရေတာရှည်) ———————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၁၉)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သက်တော်(၈၈)နှစ်၊ သိက္ခာတော်(၆၈)ဝါရှိ ရေတာရှည်မြို့နယ် ချုံအင်းကျေးရွာ သီရိမင်္ဂလာစာသင်တိုက်၊ ပဓာနနာယက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇော်တိက၊ နိုင်ငံတော်သံဃမဟာနာယအဖွဲ့ (ဒု-ဥက္ကဌ ငြိမ်း) ဘဒ္ဒန္တဩဘာသဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး ဈာပနကျင်းပရေးကော်မတီအဖွဲ့ထံ အလှူငွေများလှူဒါန်းပေးခြင်း၊ ဆရာတော်သံဃာတော်များအား နဝကမ္မအလှူငွေများ လှူဒါန်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ် ပိန်းအင်းကျေးရွာသို့သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု့စစ်ဆေးပြီး လျှပ်စစ်မီးလင်းရေးအတွက် ဒေသခံများ၊ ဌာနတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

“e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်”

နိုဝင်ဘာ ၁၉ (ပဲခူး) ========================== ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေနှင့် e-Government ဝန်ထမ်းများ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေး၌ e- Government ဦးဆောင်ကော်မတီ နာယက၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတတို့၏ လမ်းညွှန်မှုများနှင့်အညီ e-Government စနစ်ကို ပိုမိုထိထိရောက်ရောက် တိုးတက်လာစေရေးနှင့် ထိထိမိမိ အသုံးပြုလာနိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အတွက် အမှန်တကယ် တိုးတက် စေနိုင်မည့် လုပ်ငန်းစီမံကိန်းများကို လျင်မြန်မှန်ကန်စွာ၊ အကျိုးရှိစွာဖြင့် အကောင်အထည်ဖော်‌ နိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းများ၊ …

Read More »

နိုဝင်ဘာလ(၁၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၁၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၉-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၇၂)ခု၌ နိုင်ငံသား(၂၃၈၁)ဦး၊ သံသယလူနာ(၅၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၆၁၃)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၄)ခု၌ နိုင်ငံသား(၆၇၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၇)ခု၌ နိုင်ငံသား(၇၆၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၀၁)ခု၌ နိုင်ငံသား(၁၉၁၀)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၄၄)ခု၌ နိုင်ငံသား(၅၇၂၂)ဦးရှိပြီး သံသယလူနာ(၅၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၆၈)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »