Home / 2020 / November / 20

Daily Archives: November 20, 2020

စာသင်တိုက်ကြီးများနှင့် သီလရှင်စာသင်တိုက်များအတွက် ဆွမ်းဆန်အိတ်များလှူဒါန်း

နိုဝင်ဘာ ၂၀ (ပဲခူး) —————————— ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်များစုပေါင်း၍ နိုဝင်ဘာလ(၂၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာသီရိပရိယတ္တိစာသင်တိုက်၌ ပဲခူးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများနှင့် သီလရှင်စာသင်တိုက်ကြီးများအတွက် ဆွမ်းဆန်အိတ်များလှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဥဿာသီရိပရိယတ္တိစာသင်တိုက် ပဓာနနာယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဒေါက်တာသူရိယဆရာတော်ထံမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေနှင့် စေတနာရှင်အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်အိတ်များလှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေကြကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်များစုပေါင်း၍ ဆွမ်းဆန်အိတ်များ လှူဒါန်းမှုပြုလုပ်ရာတွင် ဥဿာသီရိစာသင်တိုက်၊ သာမဏေကျော်စာသင်တိုက်၊ သာသနာ့ဇောတိကစာသင်တိုက်၊ ချမ်းမြေ့ဇေယျာစာသင်တိုက်၊ ဝင်းနိမ္မိတာရုံစာသင်တိုက်၊ ကြခတ်ဝိုင်းစာသင်တိုက်၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်စာသင်တိုက်၊ အာသောကဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်များအတွက် တစ်ကျောင်းလျှင် ဆန်အိတ်(၃၀)အိတ်စီ၊ ခေါင်းဆေးကန်ကျောင်းတိုက်၊ မဟာကြီးကျောင်းတိုက်၊ လိပ်ပြာကန်သီလရှင်စာသင်တိုက်၊ သဒ္ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်၊ သုခိတာရာမသီလရှင်စာသင်တိုက်၊ ကျုံးထောင့်ဝိပဿနာစာသင်တိုက်၊ သုစိတ္တာရာမစာသင်တိုက်များအတွက် တစ်ကျောင်းလျှင် ဆန်အိတ်(၁၅)စီ စုစုပေါင်း …

Read More »

နိုဝင်ဘာလ(၂၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၅)ခု၌ နိုင်ငံသား(၂၃၁၃)ဦး၊ သံသယလူနာ(၅၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၆၆၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၉)ခု၌ နိုင်ငံသား(၇၀၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၁)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၄)ခု၌ နိုင်ငံသား(၇၉၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၀၈)ခု၌ နိုင်ငံသား(၁၉၁၃)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၃၆)ခု၌ နိုင်ငံသား(၅၇၂၄)ဦးရှိပြီး သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၂၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သဲဖြူကျေးရွာ လျှပ်စစ်မီးလင်းရေး လမ်း၊ တံတားဖွင့်ပွဲ တက်ရောက်

တောင်ငူ နိုဝင်ဘာ ၂၀ ===================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သည် လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ ပြုလုပ်သော လျှပ်စစ် မီးလင်းရေး၊ လမ်း၊ တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဝင်းတို့က လျှပ်စစ် မီးလင်းရေး၊ လမ်း၊ တံတားဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသော ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာ တင်တင်ဝင်း နှင့် ဦးခင်မောင်သန်း တို့က ဒေသဖွံ့ ဖြိုးရေးဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်တိုးတက်လာမည့် အခန်းကဏ္ဍများကို …

Read More »