Home / 2020 / November / 21

Daily Archives: November 21, 2020

ဝန်ကြီးချုပ်ဦးဝင်းသိန်း တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျေးရွာချင်းဆက်တံတားချည်းကပ်လမ်းနှင့် ကျောက်ရောမြေလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

နိုဝင်ဘာ ၂၁ (ရေတာရှည်) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၁)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာအုပ်စုနှင့် နဂျပ်ကျေးရွာအုပ်စုတို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်တံတားချည်းကပ်လမ်းနှင့် ကျောက်ရောမြေလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ပိုင်းကျေးရွာအုပ်စုနှင့် နဂျပ်ကျေးရွာအုပ်စုတို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်လမ်းမပေါ်တွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံရန်ပုံငွေကျပ် သိန်း(၂၂၅၀)ဖြင့် ဆောင်ရွက်ခဲ့သည့် (၁၅၀×၁၈×၁၀)ပေရှိသံကူကွန်ကရစ်တံတား၏ ချည်းကပ်လမ်းနှင့် တံတားနှင့်ဆက်သွယ်သည့် လမ်းအား ကျောက်ရောမြေလမ်း(၁.၇)မိုင်အားဆောင်ရွက်‌ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

Read More »

နိုဝင်ဘာလ(၂၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၁ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၁-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၉)ခု၌ နိုင်ငံသား(၂၄၀၄)ဦး၊ သံသယလူနာ(၅၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၇၀၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၂၆)ခု၌ နိုင်ငံသား(၇၇၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၁)ခု၌ နိုင်ငံသား(၈၀၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၉၀)ခု၌ နိုင်ငံသား(၂၀၁၆)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၉၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၁၆)ခု၌ နိုင်ငံသား(၅၉၉၇)ဦးရှိပြီး သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၀၉)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ဖြူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုဝင်ဘာ ၂၁ (ဖြူး) =================== ဖြူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »