Home / 2020 / November / 22

Daily Archives: November 22, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

နိုဝင်ဘာ ၂၂ (ရေတာရှည်) ————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းအချိန်က တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ကျွဲရိုင်းပြင်ကျေးရွာ အုပ်စုအတွင်းရှိ အုန်းပင်‌ကွေ့ကျေးရွာ တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာ‌ရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၁၁ကေဗွီလိုင်း(၁)မိုင်နှင့် ၁၁.၀၄ကေဗွီ(၂၀၀)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တပ်ဆင် တည်ဆောက် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုကြပြီး လုပ်ငန်းများ အမြန်ပြီးစီး‌ရေးနှင့် စံချိန်စံညွှန်းမီအောင် စေတနာထားလုပ်ဆောင်ပေးကြရန် သက်ဆိုင်ရာတာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ် သဘာဝဘေး ရန်ပုံငွေကျပ်သန်း(၉၀)ဖြင့် တည်ဆောက်လျှက်ရှိသည့် ရေတာရှည်- မျက်နှာပြင်- အုန်းပင်ကွေ့လမ်းပေါ်ရှိ (၄၀×၁၆)ပေသံကူကွန်ကရစ် တံတား(၁)စင်းနှင့် (၂၀×၁၆)ပေ သံကူကွန်ကရစ်တံတား(၁)စင်းတို့ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပေါင်းအိုးအင်း …

Read More »

နိုဝင်ဘာလ(၂၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၂-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၆)ခု၌ နိုင်ငံသား(၂၄၃၁)ဦး၊ သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၇၃၈)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၃)ခု၌ နိုင်ငံသား(၈၂၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၅၄)ခု၌ နိုင်ငံသား(၈၇၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၀၄)ခု၌ နိုင်ငံသား(၂၀၈၈)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၇၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၄၇)ခု၌ နိုင်ငံသား(၆၂၂၁)ဦးရှိပြီး သံသယလူနာ(၅၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၃၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »