Home / 2020 / December / 01

Daily Archives: December 1, 2020

ဒီဇင်ဘာလ(၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၁ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၃)ခု၌ နိုင်ငံသား(၂၀၅၃)ဦး၊ သံသယလူနာ(၅၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၃၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၅)ခု၌ နိုင်ငံသား(၉၂၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၄)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၄)ခု၌ နိုင်ငံသား(၈၀၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၂)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၄၆)ခု၌ နိုင်ငံသား(၁၅၇၅)ဦးပြီး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၇၈)ခု၌ နိုင်ငံသား(၅၃၄၉)ဦးရှိပြီး သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၅၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ဒီဇင်ဘာ ၁ (နတ်တလင်း) ================== နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများ၊ ရုံးသုံးပရိဘောဂနှင့် စက်ကိရိယာများ ဝယ်ယူနိုင်ရေး ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်————————–

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းခဲ့သော ပြည်ထောင်စုခရီးလမ်း (၂၀၁၆-၂၀၂၀)စာအုပ် ဖြန့်ဝေပေး

ဒီဇင်ဘာ ၁ (ပဲခူး) ———————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုင်ဝင်ဘာလ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ သာယာဝတီခရိုင်နှင့် ပြည်ခရိုင်အတွင်းသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူများ၏ အခက်အခဲပြဿနာများ ဖြေရှင်းဆောင်ရွက်‌ပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တစ်လျှောက်ရှိ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာတည်းအဖွဲ့ကပြုစုပြီး ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းခဲ့သော ပြည်ထောင်စုခရီးလမ်း (၂၀၁၆-၂၀၂၀) စာအုပ်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။  

Read More »