Home / 2020 / December / 02

Daily Archives: December 2, 2020

ဒီဇင်ဘာလ(၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၄၉)ခု၌ နိုင်ငံသား(၂၁၃၄)ဦး၊ သံသယလူနာ(၅၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၄၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၆)ခု၌ နိုင်ငံသား(၉၄၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၇)ခု၌ နိုင်ငံသား(၇၇၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၆၈)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၄၇)ခု၌ နိုင်ငံသား(၁၅၅၆)ဦးပြီး၊ သံသယလူနာ(၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၇၉)ခု၌ နိုင်ငံသား(၅၄၀၃)ဦးရှိပြီး သံသယလူနာ(၅၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၄၅)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »