Home / 2020 / December / 03

Daily Archives: December 3, 2020

ဒီဇင်ဘာလ(၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၃ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၃-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၂)ခု၌ နိုင်ငံသား(၂၁၂၅)ဦး၊ သံသယလူနာ(၅၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၀၇)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၈)ခု၌ နိုင်ငံသား(၉၄၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၈)ခု၌ နိုင်ငံသား(၇၅၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၇၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၄၄)ခု၌ နိုင်ငံသား(၁၅၉၄)ဦးပြီး၊ သံသယလူနာ(၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၆၂)ခု၌ နိုင်ငံသား(၅၄၁၈)ဦးရှိပြီး သံသယလူနာ(၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၀၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး တင်ဒါလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဒီဇင်ဘာ ၃ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တင်ဒါလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးအတွင်း ပြည်ထောင်စုဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများရှိကြောင်း၊ တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ (၁/၂၀၁၇) ညွှန်ကြားချက်နှင့်အညီ မှန်မှန်ကန်ကန် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း စိစစ်ရွေးချယ်ရန် အရေးကြီးကြောင်း၊ ကုမ္ပဏီများ ရွေးချယ်ရာတွင်လည်း ယခင်လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်၍ အထူးသဖြင့် ပွင့်လင်းမြင်သာမှုရှိရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် လုပ်ငန်းစဉ်ဖြစ်ရန် အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာ တင်ဒါစိစစ်ရေးကော်မတီအလိုက် လုပ်ငန်းများ စိစစ်ဆောင်ရွက်နေမှု …

Read More »

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ဒီဇင်ဘာ ၃ (ပဲခူး) ============================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆပ်ကော်မတီ(၁၀)ခုကိုလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ရေကြီး၊ မီးလောင်၊ မိုးခေါင်၊ လေပြင်း၊ ကမ်းပြိုစသည့် သဘာဝနှင့် လူကြောင့်ဟူ၍ ဘေးအန္တရာယ်(၂)မျိုးရှိကြောင်း၊ အထူးသဖြင့် ကမ်းပြိုမှုကြောင့် လူနေအိမ်များ၊ လယ်ယာမြေများ ဆုံးရှုံးမှုများသာမက ကမ်းပြိုမှုကာကွယ်ရေး လုပ်ငန်းစဉ်များသည်လည်း ကုန်ကျစရိတ် အလွန်များပြားကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ယခုအခါ ကျေးရွာအများစု လျှပ်စစ်မီးလင်းနေပြီဖြစ်၍ အဆိုပါကျေးရွာများသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သဘာဝဘေးအန္တရာယ် ကာကွယ်ခြင်းနှင့်ပတ်သက်၍ နှစ်ရှည်/နှစ်တို …

Read More »

စက်မှုတိုင်း(၂)၊ တောင်ငူမြို့မှ စက်အရန်ပစ္စည်း၀ယ်ယူနိုင်ရေးအိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ဒီဇင်ဘာ ၃ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၂)၊ တောင်ငူမြို့မှ စက်အရန်ပစ္စည်း ၀ယ်ယူနိုင်ရေးအိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်——————-

Read More »