Home / 2020 / December / 05

Daily Archives: December 5, 2020

ပဲခူး-ဧရာဝတီတိုင်းဒေသကြီးတို့ နယ်နိမိတ်အတွင်း၌ မြေနုကျွန်းအငြင်းပွါးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ဒီဇင်ဘာ ၅ (ပြည်) ================ ဒီဇင်ဘာလ ၅ ရက်နေ့ (၉)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဆည်မြောင်းတည်ဆောက်ရေး (၂) ရိပ်သာတွင် မြေနုကျွန်းအငြင်းပွါးမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီး နှစ်ဖက်ဝန်ကြီးများ တွေ့ဆုံဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ရွှေတောင်မြို့နယ် လယ်စီအင်းဦးစီးမှူးမှ မြေနုကျွန်းအငြင်းမှုဖြစ်ပေါ်နေသည့် လက်ရှ်ိအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ နှစ်ဦးနှစ်ဖက် ဒေသခံတောင်သူများ ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြရာ နှစ်ဖက်တိုင်းဒေသကြီးဝန်ကြီးများမှ ဆောင်ရွက််သင့်သည်များကို ညှိနှိုင်းလမ်းညွှန်မှာကြားခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးမှ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ရွှေတောင် လွှတ်တော်ကိုယ်စားလှယ်နှင့်တကွ တိုင်းလယ်စီအင်း၊ တိုင်းစိုက်ပျိုးရေး၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမှ စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာမီးလင်းရေးနှင့် မြေယာကိစ္စရပ်များ ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ပေး

ရေတာရှည် ဒီဇင်ဘာ ၅ **************** ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများသည် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ဆင်ဂွေကျေးရွာအုပ်စု၊ ပိတောက်စမ်းကျေးရွာ၊ ဓမ္မရောင်ခြည် ကျောင်းတိုက်သို့ရောက်ရှိခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဦးဉာဏ်တိကအား အလှူငွေများဆက်ကပ်၍ သာသနာရေးဆိုင်ရာများ လျောက်ထားသည်။ ထို့နောက် ပိတောက်စမ်းကျေးရွာတွင် အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း (NEP) စီမံကိန်းဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရေတာရှည်မြို့၊ မြို့လျှပ်စစ်မှူး ဦးဖြိုးစည်သူ က ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ နိုင်ငံ တော်အစိုးရအနေဖြင့် ဆောင်ရွက်မှုအခန်းကဏ္ဍနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောခဲ့ပြီး ကျေးရွာအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်-ကရင်ချောင်း ကားလမ်းပိုင်းတွင် မြေယာအငြင်းပွါးမှုကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်တီ၊ ရပ်ကျေးကော်မတီ၊ ဒေသခံများနှင့်ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပိတောက်စမ်းကျေးရွာအတွင်း …

Read More »

ဒီဇင်ဘာလ(၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၅-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၀)ခု၌ နိုင်ငံသား(၁၇၆၈)ဦး၊ သံသယလူနာ(၅၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၈၃)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၉)ခု၌ နိုင်ငံသား(၁၀၁၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၂)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၁)ခု၌ နိုင်ငံသား(၆၈၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၇၆)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၉၁)ခု၌ နိုင်ငံသား(၁၅၅၇)ဦးပြီး၊ သံသယလူနာ(၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၃)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၁)ခု၌ နိုင်ငံသား(၅၀၂၁)ဦးရှိပြီး သံသယလူနာ(၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၀၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »