Home / 2020 / December / 06

Daily Archives: December 6, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကဝမြို့နှင့် ပဲခူးမြို့တို့ရှိ ကိုဗစ်-၁၉လူနာများ ထားရှိကုသမှု အခြေအနေအား ကြည့်ရှု

ဒီဇင်ဘာ ၆ (ကဝ/ပဲခူး) ————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကဝမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ကိုဗစ်-၁၉လူနာများ ထားရှိကုသပေးမှု အခြေအနေများအား ကြည့်ရှုကြသည်။ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့အဖွဲ့အား ကဝမြို့နယ်‌ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်ချစ်က ဆေးရုံကြီးတွင် ကိုဗစ်-၁၉လူနာများထားရှိကုသပေးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ဆေးရုံကြီးအတွက် ကျန်းမာရေးအထောက်အကူပြု အကာအကွယ်ပစ္စည်းများအား ဆေးရုံအုပ်ကြီးထံသို့လည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေ (၅)သိန်းကျပ်အား မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထံသို့လည်းကောင်း၊ ကူညီဆောင်ရွက်ပေးသော လူမှုကရုဏာ လူမှုကူညီရေးအသင်းအတွက် အလှူငွေ(၃)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ GTI …

Read More »

ဒီဇင်ဘာလ(၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၇၈)ခု၌ နိုင်ငံသား(၁၈၀၁)ဦး၊ သံသယလူနာ(၅၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၁၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၇)ခု၌ နိုင်ငံသား(၁၀၃၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၅)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၃)ခု၌ နိုင်ငံသား(၆၆၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၆၉)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၇၉)ခု၌ နိုင်ငံသား(၁၅၃၁)ဦးပြီး၊ သံသယလူနာ(၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၆၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၀၇)ခု၌ နိုင်ငံသား(၅၀၃၁)ဦးရှိပြီး သံသယလူနာ(၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၅၇)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြစ်ကူးတံတား (ကဝ)နှင့် ကျားတက်တံတား (ပိုင်ကျုံ) ကွန်ကရစ်တံတား ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဒီဇင်ဘာ ၆ (ကဝ) —————————- ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကဝမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား (ကဝ) ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီနေ့သည် ကဝမြို့ရှောင်လမ်းပေါ်ရှိ ကဝတံတားကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ် အခါသမယဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ကဝမြို့နယ်သူ/သားများသာမက ကဝမြို့နယ်အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သော အုန်းနှဲ၊ သက္ကလ၊ ကမာစဲနှင့် ရစ်ကန်ကြီးအစရှိသည့် ကျေးရွာများအတွင်းသို့ နေ့စဉ်ဝင်/ထွက် သွားလာနေကြသော လုပ်သားပြည်သူအားလုံးလည်း ဝမ်းမြောက်ဂုဏ်ယူရမည့် နေ့လည်းဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် ပဲခူးမြစ်ကူးတံတား(ကဝ) ဘေလီတံတားသည် တစ်လမ်းသွားဘေလီတံတားဖြစ်ပြီး ကဝမြို့တွင်းကို ဖြတ်သန်းသွားလာရသည့်အတွက် ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်ပေါ်ကာ ယာဉ်အန္တရာယ် များပြားလာသောကြောင့် ကဝမြို့ရှောင်လမ်းကို တည်ဆောက်ရခြင်းဖြစ်ပြီး ကဝမြို့ကြီး …

Read More »