Home / 2020 / December / 07

Daily Archives: December 7, 2020

ဒီဇင်ဘာလ(၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၇ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၇-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၇၅)ခု၌ နိုင်ငံသား(၁၉၅၄)ဦး၊ သံသယလူနာ(၅၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၁၈)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၄)ခု၌ နိုင်ငံသား(၁၀၈၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၉)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၃)ခု၌ နိုင်ငံသား(၇၃၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၆၆)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၈၁)ခု၌ နိုင်ငံသား(၁၆၇၁)ဦးပြီး၊ သံသယလူနာ(၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၃၃)ခု၌ နိုင်ငံသား(၅၄၄၈)ဦးရှိပြီး သံသယလူနာ(၅၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၅၀)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »