Home / 2020 / December / 08

Daily Archives: December 8, 2020

ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဒီဇင်ဘာ ၈ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ (၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့တွင် Covid-19 ကူးစက်မှု မြင့်တက်နေရခြင်းသည် ရန်ကုန်တိုင်းနှင့်ထိစပ်လျက်ရှိခြင်းနှင့် စက်ရုံ/အလုပ်ရုံ များပြားခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ယခုရက်ပိုင်း စက်ရုံများတွင် ပိုးတွေ့လူနာများ၊ ထိစပ်လူနာများ တိုးမြင့်လာသည်ကို တွေ့ရှိနေရကြောင်း၊ စက်ရုံ/အလုပ်ရုံများ A အဆင့် သတ်မှတ်၍ ဖွင့်လှစ်ခွင့်ပေးခဲ့သည့် စက်ရုံများကို ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှုအားနည်းခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းများ တွေ့ရှိနေရသဖြင့် တိုင်းဒေသကြီး Covid-19 ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဲခူးမြို့နယ်ကို ထိန်းချုပ်နိုင်မှသာ ကျန်မြို့နယ်များ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ Facility Quarantine များ၊ အခြားကုသရေးစင်တာများအတွက် ကျသင့်သည့် လျှပ်စစ်ဓါတ်အားခများကိုလည်း …

Read More »

ဒီဇင်ဘာလ(၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၈ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၈-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၀)ခု၌ နိုင်ငံသား(၂၀၆၀)ဦး၊ သံသယလူနာ(၄၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၇၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၅)ခု၌ နိုင်ငံသား(၁၁၁၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၅)ခု၌ နိုင်ငံသား(၇၁၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၆၉)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၈၅)ခု၌ နိုင်ငံသား(၁၇၅၄)ဦးပြီး၊ သံသယလူနာ(၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၄)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၃၅)ခု၌ နိုင်ငံသား(၅၆၅၁)ဦးရှိပြီး သံသယလူနာ(၄၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၇၁)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »