ဒီဇင်ဘာ ၁၀ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ ညနေ(၆)နာရီအချိန်က ZEN Holdings, UNIHO TOMOSADA Co., Ltd မှ Oxygen Concentrator (၂)လုံး လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စုစုပေါင်းငွေကျပ်(၃,၃၂၀,၀၀ဝိ/) တန်ဖိုးရှိ Oxygen Concentrator (၂)လုံးအား ZEN Holdings, UNIHO TOMOSADA Co., Ltd တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေးနှင့် ZEN Holdings, UNIHO TOMOSADA Co., Ltd …
Read More »Daily Archives: December 10, 2020
ပဲခူးမြို့နယ် စည်ပင်သာယာရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဒီဇင်ဘာ ၁၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့နယ် စည်ပင်သာယာရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့သည် တိုင်းဒေသကြီးမြို့တော်တစ်ခုဖြစ်ပြီး စံပြမြို့တော်တစ်ခုဖြစ်စေရန်လည်း မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိခြင်း၊ ကုန်းလမ်း လမ်းဆုံမြို့တစ်ခုဖြစ်ခြင်းနှင့် စက်ရုံ/အလုပ်ရုံ ရင်းနှီးမြှုပ်နှံမှုများ များပြားလာခြင်းတို့ကြောင့် လူဦးရေတိုးပွာမှုများ အချိန်တိုအတွင်း ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည့် အပြင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး ဖြစ်ပေါ်လာပါကလည်း ထပ်မံ၍လည်း လူဦးရေတိုးပွားလာနိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် မြို့ပြတစ်ခုတွင် လိုအပ်သည့် အိမ်ရာ၊ ရေသန့်စနစ်၊ အမှိုက်သိမ်းဆည်းခြင်းနှင့် စျေးများလည်း လိုအပ်လာနိုင်မည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နောင်အနာဂတ်ကို မျှော်မှန်း၍ နှစ်အလိုက် ဘတ်ဂျက်ရေးဆွဲထားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ပဲခူးမြို့အား Clean City မှ Green City သို့ ပြောင်းလဲသွားနိုင်ရေး …
Read More »ဒီဇင်ဘာလ(၁၀)ရက်နေ့ သတင်းထုတ်ပြန်ချက်
ဒီဇင်ဘာ ၁၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၀-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၂)ခု၌ နိုင်ငံသား(၂၁၆၉)ဦး၊ သံသယလူနာ(၄၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၄၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၉)ခု၌ နိုင်ငံသား(၁၁၃၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၂)ခု၌ နိုင်ငံသား(၈၃၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၈၈)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၉၇)ခု၌ နိုင်ငံသား(၁၈၂၁)ဦးပြီး၊ သံသယလူနာ(၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၀)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၇၀)ခု၌ နိုင်ငံသား(၅၉၆၄)ဦးရှိပြီး သံသယလူနာ(၄၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၅၅)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
Read More »အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ဒီဇင်ဘာ ၁၀ (ပဲခူး) ================= အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က နေပြည်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Online Meeting စနစ်ဖြင့် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်တို့က အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍လည်းကောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှ Deputy Resident Representative , Ms. Dawn …
Read More »ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါအဆိုပြုလွှာဖိတ်ခေါ်ခြင်း
ဒီဇင်ဘာ ၁၀ (ပဲခူး) ================== ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပဲခူးမြို့၊ သနပ်ပင်လမ်းမပေါ်ရှိ မြေဧရိယာ(၀.၉၅၉)ဧကကျယ်ဝန်းသော ဘုရားစျေးသစ်မြေနေရာပေါ်တွင် ခေတ်မီအဆင့်မြင့် Basement အပါ(၅)ထပ်စျေးသစ် တည်ဆောက်နိုင်ရေး မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်ရေး ဖိတ်ခေါ်မှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်——————————–
Read More »