ဒီဇင်ဘာ ၁၁ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၁-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၇)ခု၌ နိုင်ငံသား(၂၂၁၁)ဦး၊ သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၀၁)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၀)ခု၌ နိုင်ငံသား(၁၀၈၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၉)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၄)ခု၌ နိုင်ငံသား(၈၉၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၉၈)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၈၅)ခု၌ နိုင်ငံသား(၁၈၀၄)ဦးပြီး၊ သံသယလူနာ(၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၇၆)ခု၌ နိုင်ငံသား(၅၉၉၄)ဦးရှိပြီး သံသယလူနာ(၄၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၁၉)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
Read More »Daily Archives: December 11, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လျှပ်စစ်ဓါတ်အားခများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလာရောက်လှူဒါန်း
ဒီဇင်ဘာ ၁၁ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲ(၁) နာရီအချိန်က လျှပ်စစ်ဓါတ်အားခများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်မှ ပဲခူးမြို့ရှိ Facility Quarantine များတွင် အသုံးပြုခဲ့သည့် လျှပ်စစ်ဓါတ်အားခ ကျပ်သိန်း(၁၀၀)နှင့် ပဲခူးမြို့၊ မှော်ကန််ရပ်ကွက်ရှိ “လန်းဆန်း” သာသနာရေးဖောင်ဒေးရှင်းမှ ငွေကျပ်(၁၀)သိန်း တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူခဲ့ပြီး၊ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်နှင့် “လန်းဆန်း”သာသနာရေးဖောင်ဒေးရှင်းမှ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »