Home / 2020 / December / 13

Daily Archives: December 13, 2020

ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင်တိုက်ရှိ သံဃာ ၅-ပါးတွင် COVID-19 ရောဂါပိုးတွေ့ရှိမှုအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးဌာနတို့မှ ကွင်းဆင်းဆောင်ရွက်

ဒီဇင်ဘာ ၁၃ (ပဲခူး) —————————— ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းသည် တိုင်း‌ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌ ဒေါက်တာရန်နိုင်မောင်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦး‌အောင်ဇော်လတ်နှင့် ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးတို့အတူ ကြခတ်ဝိုင်းကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာ တော်ကြီးအားဖူးမျှော်ကာ သံဃာတော်များ၌ COVID-19 ရောဂါပိုးတွေ့ရှိမှုအပေါ် ဆက်လက်ဆောင်ရွက်ပေးသွားမည့် အခြေအနေများ လျှောက်ထားတင်ပြခြင်း၊ လိုအပ်သော အကာအကွယ်ပစ္စည်းများကို လှူဒါန်းခဲ့ခြင်းနှင့် ကျောင်းတိုက်ရှိ သံဃာ(၂၀၀)ပါးခန့်အတွက် လိုအပ်သည်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးမည့် အခြေအနေများကို လျှောက်ထားခဲ့ကြကြောင်း သိရှိရသည်။ ပဲခူးမြို့ပေါ်ရှိ ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်ကြီး၌ သီတင်းသုံးလျက်ရှိသော သံဃာ(၁)ပါးသည် ဒီဇင်ဘာလ (၁၁)ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း ခံစားရကြောင်း ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့သဖြင့် ပဲခူးခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းသွားရောက်၍ သံသယရောဂါ လက္ခဏာရှိသူ သံဃာများနှင့် …

Read More »

ဒီဇင်ဘာလ(၁၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၁၃ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၃-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၆)ခု၌ နိုင်ငံသား(၂၁၉၉)ဦး၊ သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၄၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၈)ခု၌ နိုင်ငံသား(၁၁၃၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၅၄)ခု၌ နိုင်ငံသား(၉၇၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၀၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၉၃)ခု၌ နိုင်ငံသား(၁၈၈၄)ဦးပြီး၊ သံသယလူနာ(၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၅)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၉၁)ခု၌ နိုင်ငံသား(၆၁၉၂)ဦးရှိပြီး သံသယလူနာ(၄၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၅၇)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »