ဒီဇင်ဘာ ၁၄ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၄-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၉)ခု၌ နိုင်ငံသား(၂၂၆၂)ဦး၊ သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၈၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၀)ခု၌ နိုင်ငံသား(၁၁၄၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၅၂)ခု၌ နိုင်ငံသား(၉၆၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၉၆)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀၄)ခု၌ နိုင်ငံသား(၁၉၃၆)ဦးပြီး၊ သံသယလူနာ(၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၆)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၀၅)ခု၌ နိုင်ငံသား(၆၃၀၈)ဦးရှိပြီး သံသယလူနာ(၄၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၇၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
Read More »Daily Archives: December 14, 2020
ပဲခူးမြို့တွင် ကိုဗစ်ညွှန်ကြားချက်များ ပြည်သူများလိုက်နာနိုင်ရေး အသိပညာပေးဆောင်ရွက်မှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ပါဝင်ဆောင်ရွက်
ဒီဇင်ဘာ ၁၄ (ပဲခူး) —————————— ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်တွင်းကုန်းလမ်းဆုံတွင် ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆောင်ရွက်နေသည့် ကိုဗစ်ညွှန်ကြားချက်များအား ပြည်သူများလိုက်နာနိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်မှုတွင် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပဲခူးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ရွက် ပဲခူးမြို့ပေါ်နေရာ အသီးသီး၌ ဒီဇင်ဘာလ(၃)ရက်နေ့မှ စတင်၍ ပြည်သူများကို ဗစ်ညွှန်ကြားချက်များ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန် နေ့စဉ်အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask)မတပ်ဆင်ဘဲ သွားလာနေသူများအား ဒဏ်ရိုက်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို အဖွဲ့ပေါင်းစုံဖြင့် နေရာခွဲ၍ ဆောင်ရွက်လျှက်ရှိရာ ယနေ့ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ကျောက်တွင်းကုန်းလမ်းဆုံ၊ ဘုရားဈေးရှေ့နှင့် ပြင်စီဈေးလမ်းတို့တွင် ဆောင်ရွက်ပြုလုပ်ကြကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှလည်း ပဲခူးခရိုင် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ လမ်းမပေါ်သွားလာနေသည့် …
Read More »