Home / 2020 / December / 15

Daily Archives: December 15, 2020

ဒီဇင်ဘာလ(၁၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၁၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၅-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၄)ခု၌ နိုင်ငံသား(၂၂၇၈)ဦး၊ သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၉၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၁)ခု၌ နိုင်ငံသား(၁၁၈၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၅၂)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၆)ခု၌ နိုင်ငံသား(၉၂၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၉၆)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀၄)ခု၌ နိုင်ငံသား(၁၉၂၂)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၀)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၀၅)ခု၌ နိုင်ငံသား(၆၃၁၀)ဦးရှိပြီး သံသယလူနာ(၄၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၆၇)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

နေရပ်ပြန် ပြည်သူများအတွက် သယ်ယူပို့ဆောင်စရိတ် လာရောက်လှူဒါန်း

ဒီဇင်ဘာ ၁၅ (ပဲခူး) ======================== ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ဧည့်ခန်းမသို့ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီက ပဲခူးတိုင်းဒေသကြီးအတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုရန် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။ ရှေးဦးစွာ Max-Highway Co., Ltd (ဧရာဝတီဖောင်ဒေးရှင်း)မှ Covid-19 ရောဂါ ကာလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုရန် ငွေကျပ်သိန်း(၅၀)နှင့် Mask အခုရေ(၅၀၀၀)အား ထောက်ပံ့လှူဒါန်းခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ကြခတ်ဝိုင်းစာသင်တိုက်ရှိ သံဃာတော် အရှင်သူမြတ်များအတွက် ဆန်အိတ်လှူဒါန်း

ဒီဇင်ဘာ ၁၅ (ပဲခူး) ======================== COVID-19 ရောဂါ ကူးစက်ခံရသည့် ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်ရှိ သံဃာတော် အရှင်သူမြတ်များအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လှူဒါန်းပေးသည့် ဆန်(၁၀)အိတ်နှင့် လှူဖွယ်ခြင်းကို ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ဝန်ကြီးချုပ်ကိုယ်စား ပဲခူးခရိုင် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်မှ သွားရောက်ဆက်ကပ် လှူဒါန်းပေးခဲ့သည်။

Read More »

စပါးကြွယ်(တောင်ငူ)-ဘုရားကြီးအထိ ၅၀၀ ကေဗွီအေ ဓါတ်အားလိုင်းသစ်ကြီးဆွဲရန် မြေပြင်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ လာရောက်ရှင်းလင်းတင်ပြ

ဒီဇင်ဘာ ၁၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓါတ်အားပို့လွှတ်ရေးစီမံကိန်း(တောင်ပိုင်း)၊ စီမံကိန်းညွှန်ကြားရေးမှူးနှင့်အဖွဲ့က တောင်ငူ(စပါးကြွယ်)မှ ပဲခူး(ဘောနတ်ကြီး)အထိ ၅၀၀ ကေဗွီအေ ဓါတ်အားလိုင်းသစ်ကြီးဆွဲရန် မြေပြင်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ လာရောက်ရှင်းလင်းတင်ပြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတစ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓါတ်အားသည် အဓိကမောင်းနှင်အားတစ်ခုပင်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး မီးလင်းရေးအတွက် မဟာဗျူချမှတ်၍ လျှပ်စစ်တာဝါတိုင်များ၊ လိုင်းမျာ အသစ်တည်ဆောက်ခြင်း၊ ဓါတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့ကို နိုင်ငံတော်အပိုင်းမှ ဆောင်ရွက်နေသလို မိမိတို့ တိုင်းဒေသကြီးအစိုးရမှလည်း ရရှိသည့်ဘဏ္ဍာငွေအပေါ်မူတည်၍ ကျေးလက်ဒေသများ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးရွာများအထိ လျှပ်စစ်မီးရရှိမှသာ ထင်းသုံးစွဲမှု လျော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် …

Read More »