Home / 2020 / December / 16

Daily Archives: December 16, 2020

ဒီဇင်ဘာလ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၁၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၀)ခု၌ နိုင်ငံသား(၂၃၈၈)ဦး၊ သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၇၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၀)ခု၌ နိုင်ငံသား(၁၁၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၅)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄၉)ခု၌ နိုင်ငံသား(၉၄၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၀၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁၀)ခု၌ နိုင်ငံသား(၁၉၂၁)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၅)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၁၉)ခု၌ နိုင်ငံသား(၆၄၀၇)ဦးရှိပြီး သံသယလူနာ(၄၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၄၀)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »