Home / 2020 / December / 19

Daily Archives: December 19, 2020

လူကုန်ကူးမှု ခံရသူများ ပြည်လည်လက်ခံရေး၊ ပြည်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြည်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် ရှင်းလင်းမိတ်ဆက်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဒီဇင်ဘာ ၁၉ (ပဲခူး) ================= လူကုန်ကူးမှု ခံရသူများ ပြည်လည်လက်ခံရေး၊ ပြည်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြည်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် ရှင်းလင်းမိတ်ဆက်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က Online Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြည်ထာင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Covid-19 ရောဂါကြောင့် နိုင်ငံအတွင်း စီးပွားရေး၊ လူမှုရေး ထိခိုက်နစ်နာမှုများရှိကြောင်း၊ အစိုးရမှလည်း မည်သူတစ်ဦးတစ်ယောက်မျှ မကျန်အောင် စီးပွားရေး၊ လူမှုရေး ပြန်လည်ကူစားနိုင်ရန် စီမံချက်များ ချမှတ်၍ ကြိုးစားဆောာင်ရွက်လျက်ရှိကြောင်း၊ ဒီအခြေအနေမှာ Covid-19 ရောဂါ ကာလအတွင်းနှင့် Covid-19 ရောဂါ အလွန်ကာလများတွင် လူကုန်ကူးခံရမှု အခြေအနေများရှိလာနိုင်သဖြင့် လူကုန်ကူးမှု ခံရသူများ ပြည်လည်လက်ခံရေး၊ ပြည်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြည်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်များ ရှင်းလင်းမိတ်ဆက်ခြင်း လုပ်ငန်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ …

Read More »

ဒီဇင်ဘာလ(၁၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၁၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၉-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၁)ခု၌ နိုင်ငံသား(၂၀၄၉)ဦး၊ သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၈၉၇)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၆)ခု၌ နိုင်ငံသား(၉၈၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၅)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၅၃)ခု၌ နိုင်ငံသား(၉၃၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၈၅)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀၈)ခု၌ နိုင်ငံသား(၁၇၆၂)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၁၈)ခု၌ နိုင်ငံသား(၅၇၂၅)ဦးရှိပြီး သံသယလူနာ(၄၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၇၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ညောင်လေးပင်နှင့် မဒေါက်ဆေးရုံများအား ကြည့်ရှုပြီး အလှူငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်၊ မြေယာတိုင်ကြားစာများအား ရှင်းလင်းဆောင်ရွက်

ဒီဇင်ဘာ ၁၉ (ညောင်လေးပင်) —————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁၉)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်များနှင့်အတူ ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် မဒေါက်မြို့ တိုက်နယ်ဆေးရုံများသို့ သွားရောက်ကြည့်ရှုပြီး အလှူငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်တို့က ဆေးကုသပေးမှု အခြေအနေများ၊ ဆေးရုံတက်နေသည့် လူနာအ‌ခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်က တက်ရောက်ကုသနေသော လူနာများအား ကြည့်ရှုအား‌ပေးကာ ညောင်လေးပင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်သည့်နေရာ၌ အသုံးပြုရန်အတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့်အတူ ဖဒိုမြို့တိုက်နယ်ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအုပ်ကြီးထံ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မဒေါက်မြို့တာနှင့် စစ်တောင်းမြစ် နီးကပ်နေမှုအပေါ် ကွင်းဆင်းကြည့်ရှု့

ဒီဇင်ဘာ ၁၉ (ညောင်လေးပင်) ——————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညောင်လေးပင်မြို့နယ် မဒေါက်မြို့ဘုရားစုကျေးရွာအနီး စစ်တောင်းမြစ်ကမ်း တိုက်စားသည့်နေရာအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးရဲသွေးအောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးကိုကိုဦးတို့က စစ်တောင်းမြစ်ကမ်း တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နေသည့်အခြေအနေများ၊ ကာကွယ်ဟန့်တားနိုင်မည့် နည်းလမ်းအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မဒေါက်မြို့ပန်းတာ ရေတိုက်စားမှုကာကွယ်ရန်နှင့် မဒေါက်မြို့ ရေတိုက်စားမှု ကာကွယ်ရန်တို့အတွက် စစ်တောင်းမြစ် ရေလွှဲတူးမြောင်း (Pilot Channel) တူးဖော်ရေးနှင့် ရေကြောင်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အသေးစိတ်ကွင်းဆင်းတိုင်းတာ၍ ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီမအံများ ပြန်လည်တင်ပြသွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် …

Read More »