Home / 2020 / December / 21

Daily Archives: December 21, 2020

ဒီဇင်ဘာလ(၂၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၂၁ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၁-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၉)ခု၌ နိုင်ငံသား(၂၁၆၂)ဦး၊ သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၀၆)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၁)ခု၌ နိုင်ငံသား(၁၀၆၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၅)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၅၁)ခု၌ နိုင်ငံသား(၉၁၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၉၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁၂)ခု၌ နိုင်ငံသား(၁၇၁၄)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၁၁၂)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၂၃)ခု၌ နိုင်ငံသား(၅၈၅၉)ဦးရှိပြီး သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၈၃)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »