ဒီဇင်ဘာ ၂၃ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၃-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၀)ခု၌ နိုင်ငံသား(၂၀၀၀)ဦး၊ သံသယလူနာ(၄၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၀၁)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၈)ခု၌ နိုင်ငံသား(၁၀၁၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၁)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၀)ခု၌ နိုင်ငံသား(၇၄၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀၉)ခု၌ နိုင်ငံသား(၁၆၃၄)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၉၃)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၉၇)ခု၌ နိုင်ငံသား(၅၃၉၆)ဦးရှိပြီး သံသယလူနာ(၄၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၅၈)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။
Read More »Daily Archives: December 23, 2020
DENKO Trading Co., Ltd မှ Covid-19 ကာကွယ်ရေးအတွက် အလှူငွေလာရောက်ထောက်ပံ့လှူဒါန်း
ဒီဇင်ဘာ ၂၃ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က DENKO Trading Co., Ltd မှ Covid-19 ကာကွယ်ရေးအတွက် အလှူငွေလာရောက်ထောက်ပံ့ လှူဒါန်းခဲ့သည်။ ရှေးဦးစွာ DENKO Trading Co., Ltd မှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာလအတွင်း နေရပ်ပြန်ပြည်သူများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေကျပ်သိန်း(၁၅၀)အား ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူခဲ့ပြီး၊ အလှူငွေလာရောက်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်ဆွေးနှင့် DENKO Trading Co., Ltd တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း …
Read More »