ဒီဇင်ဘာ ၂၄ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၂၄)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Covid-19 ရောဂါ ဒုတိယလှိုင်းဖြစ်ဆဲကာလတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနည်းတူ ပဲခူးတိုင်းဒေသကြီး၌လည်း ဖြစ်ပွားမှုနှုန်းမြင့်မားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပဲခူးမြို့နယ်တွင်လည်း ဆက်လက်ဖြစ်ပွားမှု မြင့်တက်လျက်ရှိကြောင်း၊ Covid-19 ရောဂါ ကူးစက်မှုသည် ပြည်သူတစ်ဦးချင်းစီ၌ ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှုအားနည်းချက်များကြောင့်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်သူများအား ကျန်းမာရေးညွှန်ကြားချက်များအတိုင်း လိုက်နာပြီး သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်းများ၊ Mask Campaign များ ဆောင်ရွက်ပေးနေသော်လည်း လိုက်နာမှုအားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ နောက်ပိုင်းတွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့သည့် ရဲဝန်ထမ်းများ၊ အချုပ်သားများ၊ ဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများတွင်လည်း ပို့တွေ့ရှိမှုများ …
Read More »Daily Archives: December 24, 2020
ဒီဇင်ဘာလ(၂၄)ရက်နေ့ သတင်းထုတ်ပြန်ချက်
ဒီဇင်ဘာ ၂၄ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၄-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၉)ခု၌ နိုင်ငံသား(၂၀၂၁)ဦး၊ သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၆၃)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၇၁)ခု၌ နိုင်ငံသား(၁၀၆၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၄)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၈)ခု၌ နိုင်ငံသား(၇၂၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁၃)ခု၌ နိုင်ငံသား(၁၆၀၂)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၉၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၀၁)ခု၌ နိုင်ငံသား(၅၄၁၈)ဦးရှိပြီး သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၁၅)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။
Read More »