Home / 2020 / December / 25

Daily Archives: December 25, 2020

ဒီဇင်ဘာလ(၂၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၂၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၅-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၄)ခု၌ နိုင်ငံသား(၁၉၉၈)ဦး၊ သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၀၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၇၆)ခု၌ နိုင်ငံသား(၁၀၆၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၃)ခု၌ နိုင်ငံသား(၆၉၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၆)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁၄)ခု၌ နိုင်ငံသား(၁၅၂၂)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၉၄)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၈၀၇)ခု၌ နိုင်ငံသား(၅၂၈၀)ဦးရှိပြီး သံသယလူနာ(၄၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၄၀)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »