Home / 2020 / December / 26

Daily Archives: December 26, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ ဟံသာဝတီမြို့ဟောင်း၊ သိန္နီတံခါးပေါက်တူးဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ဒီဇင်ဘာ ၂၆ (ပဲခူး) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂၆)ရက်နေ့ ညနေပိုင်းအချိန်က သယံဇာတ၊ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ ဟံသာဝတီမြို့ဟောင်း၊ သိန္နီတံခါးပေါက်တူးဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းနှင့် သမိုင်းပညာရှင်များက သိန္နီတံခါးပေါက် ရှာဖွေတွေ့ရှိမှုအခြေအနေ၊ ပြန်လည်တူးဖော် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ လွန်စွာပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအားလုံးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း၊ ပဲခူးမြို့တွင်တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့ဟောင်းသည်လည်း နှစ်ပေါင်း(၄၅၄)နှစ် သက်တမ်းရှိပြီး စစ်ဘေးစစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စီမံခန့်ခွဲမှု အားနည်းချက်များနှင့် လူတို့၏ ကျူးကျော်ဖျက်ဆီးမှုဒဏ်များကြောင့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ ကျုံးကူးတံတားတည်ဆောက်ခြင်းနှင့် အရှေ့မြို့ရှောင်လမ်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

ဒီဇင်ဘာ ၂၉ (ပဲခူး) —————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂၆)ရက်နေ့ မွန်းလွဲပိုင်းအချိန်က သယံဇာတ၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ ကျုံးကူးတံတား တည်ဆောက်ခြင်းနှင့် အရှေ့မြို့ရှောင်လမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကျုံးကူးတံတားတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုးနှင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၉)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးတို့က သမိန်ဗရမ်းလမ်း- ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတား တည်ဆောက်ခြင်းဆိုင်ရာများနှင့် ပဲခူးမြို့အရှေ့မြို့ရှောင်လမ်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် အရှေ့မြို့ရှောင်လမ်းအား ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ ပဲခူးမြို့ သမိန်ဗရမ်းလမ်း- ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတားသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၅၆.၈၄၃)သန်း၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သနပ်ပင်မြို့နယ် ကွင်းလျားရှည်ကျေးရွာ စားကျက်မြေ အငြင်းပွားမှုနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တွေ့ဆုံ‌ပေါင်းစပ်ဖြေရှင်းပေး

ဒီဇင်ဘာ ၂၆ (သနပ်ပင်) —————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အစိုးရအဖွဲ့ဝင်ဝန််ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သနပ်ပင်မြို့နယ် ကွင်းလျားရှည် ဘုန်းတော်ကြီးကျောင်း၌ ကွင်းလျားရှည်ကျေးရွာ စားကျက်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဖြေရှင်းပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ကွင်းလျားရှည်‌‌ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမျှော်ကန့်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စားကျက်မြေ‌ပေါ်တွင် ကျူးကျော်ဝင်ရောက် နေထိုင်အငြင်းပွားမှုပြဿနာများနှင့်ပ တ်သက်ပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည့်အပြင် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်‌နေသည့် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေး စသည့်တင်ပြတောင်းဆိုချက်များကိုလည်း လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုလားချောင်းကြီး တိုက်နယ်ဆေးရုံအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား‌ …

Read More »

ဒီဇင်ဘာလ(၂၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၂၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၁၉)ခု၌ နိုင်ငံသား(၁၈၀၃)ဦး၊ သံသယလူနာ(၄၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၂၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၇၉)ခု၌ နိုင်ငံသား(၁၀၇၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၂)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၄)ခု၌ နိုင်ငံသား(၆၈၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၅)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁၅)ခု၌ နိုင်ငံသား(၁၄၈၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၉၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၂၇)ခု၌ နိုင်ငံသား(၅၀၅၁)ဦးရှိပြီး သံသယလူနာ(၄၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၈၇)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »