Home / 2020 / December / 29

Daily Archives: December 29, 2020

ဒီဇင်ဘာလ(၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၂၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၉-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၉)ခု၌ နိုင်ငံသား(၁၈၄၀)ဦး၊ သံသယလူနာ(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၉၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၈၀)ခု၌ နိုင်ငံသား(၁၀၀၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၉၆)ခု၌ နိုင်ငံသား(၆၄၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၇)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁၃)ခု၌ နိုင်ငံသား(၁၅၀၀)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၈၅)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၈၈)ခု၌ နိုင်ငံသား(၄၉၈၉)ဦးရှိပြီး သံသယလူနာ(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၆၀)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »