Home / 2021 / January

Monthly Archives: January 2021

ဇန်နဝါရီလ(၃၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၃၁ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၃၁-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၂)ခု၌ နိုင်ငံသား(၁၀၇၂)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၅၉၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၀)ခု၌ နိုင်ငံသား(၆၀၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၉)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၀)ခု၌ နိုင်ငံသား(၇၉၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၇၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆၂)ခု၌ နိုင်ငံသား(၁၂၇၅)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၂၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၅၄)ခု၌ နိုင်ငံသား(၃၇၄၃)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၂၆)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ဇန်နဝါရီလ(၃၀)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၃၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၃၀-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၆)ခု၌ နိုင်ငံသား(၁၀၉၀)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၅၈၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၈)ခု၌ နိုင်ငံသား(၆၁၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၉)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၅)ခု၌ နိုင်ငံသား(၈၂၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၆၉)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆၅)ခု၌ နိုင်ငံသား(၁၃၄၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၂၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၇၄)ခု၌ နိုင်ငံသား(၃၈၇၃)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၂၅)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်နှင့် ရွှေချောင်းတောရ ဆရာတော်တို့မှ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေများလှူဒါန်း

ဇန်နဝါရီ ၃၀ (ပဲခူး) ————————— ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်နှင့် ရွှေချောင်းတောရ စာသင်တိုက်ဆရာတော်တို့မှ နိုင်ငံတော်၏ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီလ(၃၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းတိုက်များတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း အမှူးပြုသော ဒါယကာ၊ ဒါယိကာမများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနှင့် ရွှေချောင်းတောရ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသ မြို့နယ်သံဃနာယကဥက္ကဌ (ရွှေကျင်) တို့က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဩဝါဒကထာမြွက်ကြားပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဝမ်းမြောက်စကားပြန် လည်လျှောက်ထားသည်။ ယင်းနောက် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ …

Read More »

ဒိုက်ဦး-စစ်တောင်းလမ်း ဖောက်လုပ်မှုစီမံကိန်းတွင် ပါဝင်သွားသည့် မြေယာများအတွက် လျော်ကြေးငွေပေးအပ်

ဇန်နဝါရီ ၃၀ (ပဲခူး) —————————- ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ (၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဒိုက်ဦး-စစ်တောင်းလမ်း ဖောက်လုပ်မှုစီမံကိန်းတွင် ပါဝင်သွားသည့်မြေယာများအတွက် လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကျင်းပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုအပေါ် များစွာမူတည်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှုစသည်တို့ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နှစ်စဉ် လူဦးရေ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်တို့နှင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုများပြားလာပြီး ကျေးလက်ဒေသနှင့် မြို့ပြများ အပြန်အလှန်ချိတ်ဆက်၍ အမှီပြုကြရာ လမ်းများချဲ့ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်းများကို နှစ်စဉ် ဘတ်ဂျက်များ လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားလာမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်အရ ဒိုက်ဦး-စစ်တောင်းလမ်းကို ဖောက်လုပ်ရခြင်းဖြစ်ပြီး၊ ယာဉ်ကြောရှုပ်ထွေးမှုကို လျော့ချနိုင်ခြင်း၊ ဒိုက်ဦး-စစ်တောင်းလမ်းရှိ …

Read More »

ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ဇန်နဝါရီ ၃၀ (ဝေါ) ================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၃၀)ရက်နေ့ နံနက်ပိုင်းအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်မိုးနိုင်တို့နှင့်အတူ ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

Read More »

ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ဇန်နဝါရီ ၃၀ (ပဲခူး) ================ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပျံကျစျေးရုံများ၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် Apron and Drain တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ဇန်နဝါရီလ(၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၂၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၉-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၈)ခု၌ နိုင်ငံသား(၁၀၉၃)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၅၈၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၃)ခု၌ နိုင်ငံသား(၆၂၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၄)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၁)ခု၌ နိုင်ငံသား(၈၂၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၆၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆၃)ခု၌ နိုင်ငံသား(၁၃၅၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၃၆)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၈၅)ခု၌ နိုင်ငံသား(၃၈၉၉)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၂၆)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ဇန်နဝါရီလ(၂၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၂၈ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၈-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၅၂)ခု၌ နိုင်ငံသား(၁၀၉၂)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၅၉၉)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၄၄)ခု၌ နိုင်ငံသား(၆၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၄၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၂၀)ခု၌ နိုင်ငံသား(၈၃၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၄၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၆၁)ခု၌ နိုင်ငံသား(၁၃၅၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၃၉)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၇၇)ခု၌ နိုင်ငံသား(၃၉၆၀)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၂၁)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား

ဇန်နဝါရီ ၂၈ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ (၂၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပသိရေအားလျှပ်စစ်စက်ရုံ၊ အကြီးစားပြင်ဆင်ခြင်းနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပပြလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့သည့် ပသိရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံအား အကြီးစားပြန်လည်ပြုပြင်၍ အစိုးရ၏ မဟာဓါတ်အားလိုင်းသို့ ပို့လွှတ်၍ အနီးပတ်ဝန်းကျင် ကျေးရွာများ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ရန် ဆောင်ရွက်မှုအပေါ် ကြိုဆိုကြောင်း၊ ကျေးလက်ဒေသများအထိ လျှပ်စစ်ဓါတ်အား ရောက်ရှိမှသာ ထင်းသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ကောင်းမွန်လာခြင်း၊ အသေးစား စက်မှု၊လက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝများ တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများ ခံရနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား ကြည့်ရှု့အားပေး

ဇန်နဝါရီ ၂၈ (ပဲခူး) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်က အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်တို့နှင့်အတူ ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ပေးမှု အခြေအနေများကို သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးမြို့ အ‌ထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသူဇာအောင်တို့က ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေ၊ ဆက်လက်ထိုးနှံပေးရန် ကျန်ရှိနေမှုအခြေအနေနှင့် ကာကွယ်ဆေး၏ သက်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားပြီး ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါကာကွယ်ဆေးထိုးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈)မြို့နယ်တွင် သက်ဆိုင်ရာ မြို့နယ်များရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၌ ကျန်းမာရေးဝန်ထမ်း …

Read More »