Home / 2021 / January / 01

Daily Archives: January 1, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ရေတာရှည်မြို့နယ် ရေနီမြို့ ရွာတော်လေးကျေးရွာနှင့် ဝါးရုံလဲကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေး

ဇန်နဝါရီ ၁ (ရေတာရှည်) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီ(၁)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်ခန့်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ်၊ ရေနီမြို့ ရွာတော်လေးကျေးရွာနှင့် ဝါးရုံလဲကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာတော်လေးကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး တောင်ငူခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးအောင်စံက လျှပ်စစ်အန္တရာယ်အကြောင်း အသိပညာပေးပြောကြားကာ ရွာတော်လေး‌ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ထရန်စဖော်မာအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲ၀ဏ္ဏနှင့် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ဝါးရုံလဲကျေးရွာသို့သွားရောက်၍ ကျေးရွာမီးလင်းရေးအတွက် ထရန်စဖော်မာအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲ၀ဏ္ဏတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ရေနီမြို့လျှပ်စစ်အင်ဂျင်နီယာ ဦးရဲထိုက်ဝင်းနှင့် ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်အန္တရာယ်အကြောင်း သိရှိစေရန် ပညာပေးလက်ကမ်းစာစောင်များ …

Read More »

ဇန်နဝါရီလ(၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၁ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၄)ခု၌ နိုင်ငံသား(၁၇၅၅)ဦး၊ သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၀၇၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၃)ခု၌ နိုင်ငံသား(၈၄၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၉၉)ခု၌ နိုင်ငံသား(၆၅၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁၁)ခု၌ နိုင်ငံသား(၁၃၅၆)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၇၅)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၆၇)ခု၌ နိုင်ငံသား(၄၆၁၅)ဦးရှိပြီး သံသယလူနာ(၇၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၁၄)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့၊ မြို့ရှောင်လမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားသည့် အုတ်တွင်းမြို့နယ်အတွင်းရှိ တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်

ဇန်နဝါရီ ၁ (တောင်ငူ) ——————————– ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ တောင်ငူမြို့ ခပေါင်းခန်းမတွင် ဇန်နဝါရီလ(၁)ရက်နေ့ နံနက်(၉) နာရီအချိန်က တောင်ငူမြို့၊ မြို့ရှောင်လမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားသည့် အုတ်တွင်းမြို့နယ်အတွင်းရှိ တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံ လူဦးရေ၏(၇၅)%ခန့်သည် တောင်သူလယ်သမားများဖြစ်ပြီး တောင်သူလယ်သမားဘဝများ တိုးတက်မြှင့်မားမှသာ တိုင်းပြည်၏ စီးပွားရေးလည်း ခိုင်မာလာနိုင်မည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် စီမံကိန်းအလို့ငှာ သိမ်းဆည်းခဲ့သည့် လယ်ယာမြေများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများမှ အသုံးမပြုလိုသည့် လယ်ယာမြေများအား နိုင်ငံတော်အစိုးရသို့ ပြန်လည်အပ်နှံခြင်းအပေါ်တွင်လည်း မိမိတို့အစိုးရမှ မူလပိုင်ရှင်လယ်သမားများသို့ စနစ်တကျ ပြန်လည်ခွဲဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသလို စီမံကိန်းအတွင်းပါဝင်သွားသည့် လယ်ယာမြေများအတွက် ဒေသအလိုက် လယ်/စီအဖွဲ့အဆင့်ဆင့်၏ သတ်မှတ်စျေးများအတိုင်း နစ်နာကြေး ပေးလျော်လျက်ပြီး ယခုလည်း တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေး လာရောက်ပေးလျော်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် …

Read More »