Home / 2021 / January / 02

Daily Archives: January 2, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သာ၊ ထုံးဘို၊ ကျေးအင်းကျေးရွာများ၏ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

ဇန်နဝါရီ ၂ (ရေတာရှည်) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီ(၂)ရက်နေ့ ညနေ(၄:၃၀)နာရီအချိန်ခန့်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သာ၊ ထုံးဘို၊ ကျေးအင်းကျေးရွာနှင့် ရေတာရှည်မြို့နယ်မှ ဆင်ဂွေကျေးရွာ၏ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စု၊ တောင်သာကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ကာ အမှာစကားပြောကြားပြီး ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခ၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏနှင့် တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့က ထရန်စဖော်မာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ကရင်ချောင်းကျေးရွာအုပ်စုအတွင်းမှ ထုံးဘိုကျေးရွာ၊ ကျေးအင်းကျေးရွာနှင့် ရေတာရှည်မြို့နယ်အတွင်းမှ ဆင်ဂွေကျေးရွာများသို့သွားရောက်ပြီး ကျေးရွာမီးလင်းရေးအတွက် ထရန်စဖော်မာအား အသီးသီးဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သာ၊ ထုံးဘို၊ ကျေးအင်းကျေးရွာများတွင် …

Read More »

ဇန်နဝါရီလ(၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၂)ခု၌ နိုင်ငံသား(၁၆၄၅)ဦး၊ သံသယလူနာ(၇၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၁၂၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၃)ခု၌ နိုင်ငံသား(၈၃၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၉၂)ခု၌ နိုင်ငံသား(၆၁၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၅)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁၁)ခု၌ နိုင်ငံသား(၁၃၇၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၈၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၅၈)ခု၌ နိုင်ငံသား(၄၄၇၄)ဦးရှိပြီး သံသယလူနာ(၇၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၈၄)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သည့် ရေတာရှည်မြို့ ကုန်းကြီး-ဥယျာဉ်မှူးလမ်း(ကွန်ကရစ်လမ်း) ဖွင့်ပွဲကျင်းပပြုလုပ်

ဇန်နဝါရီ ၂ (ရေတာရှည်) —————————– တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ဇန်နဝါရီလ(၂)ရက်နေ့ နံနက် (၁၁:၃၀)နာရီအချိန်က (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သည့် ကုန်းကြီး-ဥယျာဉ်မှူးလမ်း(ကွန်ကရစ်လမ်း) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကွန်ကရစ်လမ်း တည်ဆောက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရပစ္စည်းများပေးအပ်သည်။ ထို့နောက် ကုန်းကြီး-ဥယျာဉ်မှူးလမ်း (ကွန်ကရစ်လမ်း)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူ၊ ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်နှင့် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက ကွန်ကရစ်လမ်းအား ဖြတ်သန်းလျှောက်လှမ်း ကြည့်ရှု့ကြသည်။ အဆိုပါ ကုန်းကြီး-ဥယျာဉ်မှူးလမ်း (ကွန်ကရစ်လမ်း)သည် ကတ္တရာလမ်း (၀/၆.၉၉၅)မိုင်၊ ကွန်ကရစ်လမ်း(၃/၂)မိုင်နှင့် …

Read More »

ရေတာရှည်မြို့ တောင်သူလယ်သမား သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်

ဒီဇင်ဘာ ၂ (ရေတာရှည်) ————————————— ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က တောင်သူလယ် သမားသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌနှင့်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်‌ပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ရေတာရှည်မြို့ တောင်သူလယ်သမား သင်တန်းကျောင်းအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်‌ရွှေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က သင်တန်းကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး …

Read More »

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ဇန်နဝါရီ ၂ (ရေတာရှည်) ————————- ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၈)နာရီအချိန်က (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေတာရှည်- ကရင်ချောင်း-လိပ်သိုလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် ဘက်စုံကဏ္ဍစုံ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေသည့်အပိုင်းမှာ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေးရေးသည် အခြေခံကျသောအချက်ဖြစ်ကြောင်း၊ ဒါကြောင့် ခေတ်စနစ်နှင့်အညီ ကုန်တင်ယာဉ်ကြီးများ သတ်မှတ်တန်ချိန်အတိုင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ချောမွေ့စွာဖြင့် တင်ဆောင်ဖြတ်သန်းနိုင်ရန် နိုင်ငံတော်အစိုးရမှ ခံနိုင်ဝန်အပြည့်ရှိသော နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများလည်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စွာဖြင့် လိုရာခရီးကို သွားလာနိုင်ပြီဖြစ်သည့်အတွက် တံတားသစ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဒေသခံပြည်သူ ဦးဝင်းမြင့်‌အောင်က တံတားတည်ဆောက်ပေးခြင်းအတွက် ကျေးဇူးတင်စကား …

Read More »