Home / 2021 / January / 03

Daily Archives: January 3, 2021

ဇန်နဝါရီလ(၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၃ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၃-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၆)ခု၌ နိုင်ငံသား(၁၇၀၅)ဦး၊ သံသယလူနာ(၇၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၅၇)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၃)ခု၌ နိုင်ငံသား(၈၄၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၅)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၉၆)ခု၌ နိုင်ငံသား(၆၁၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၇၆)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀၆)ခု၌ နိုင်ငံသား(၁၃၉၁)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၈၃)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၆၁)ခု၌ နိုင်ငံသား(၄၅၅၄)ဦးရှိပြီး သံသယလူနာ(၇၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၀၁)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »

ရေတာရှည်မြို့တွင် မြို့‌တော်ခန်းမနှင့် အဆင့်မြင့်(၂)ထပ်စျေးသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဇန်နဝါရီ ၃ (ရေတာရှည်) —————————- ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့တွင် ဇန်နဝါရီ လ(၃)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့တော်ခန်းမနှင့် အဆင့်မြင့်(၂)ထပ်စျေးသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး‌ကော်မတီ အဖွဲ့ဝင်(၁)ဦးအုန်းကြိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ရေတာရှည်မြို့၊ မြို့‌တော်ခန်းမအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သယံဇာတ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် မြို့နယ်စည်ပင်သာယာကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့‌‌တော်ခန်းမအား ကြည့်ရှုကြသည်။ ရေတာရှည်မြို့ မြို့‌တော်ခန်းမသည် အလျား(၁၀၅)ပေ၊ အနံ(၆၀)ပေ၊ အမြင့်(၁၄)ပေရှိ (၁)ထပ် အာစီအဆောက်အဦဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ …

Read More »