Home / 2021 / January / 04

Daily Archives: January 4, 2021

ဇန်နဝါရီလ(၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၄ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၄-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၉၂)ခု၌ နိုင်ငံသား(၁၇၀၅)ဦး၊ သံသယလူနာ(၇၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၇၂)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၈)ခု၌ နိုင်ငံသား(၈၇၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၆)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၉၄)ခု၌ နိုင်ငံသား(၅၉၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၆၆)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၁၈)ခု၌ နိုင်ငံသား(၁၃၈၂)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၉၀)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၆၂)ခု၌ နိုင်ငံသား(၄၅၅၇)ဦးရှိပြီး သံသယလူနာ(၇၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၁၄)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့တွင်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်

ဇန်နဝါရီ ၄ (ပဲခူး) =================== ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အနောက်မုခ်ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နံနက်(၄:၂၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် အစိုးရအဖွဲ့ဝန်ကြီးများက အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ စစ်တီးဝိုင်းအဖွဲ့၊ အလံတင်တပ်ဖွဲ့တို့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စင်မြင့်ပေါ်ရှိတိုင်ထိပ်တွင် လွှင့်တင်ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် နံနက်(၇:၃၀)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌဦးခင်‌မောင်ရင်၊ တရားသူကြီးချုပ် ဦး‌မောင်မောင်အေး၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ်‌ ဒေါ်သန်းသန်းဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ဌာနဆိုင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။ ယင်းနောက် …

Read More »

ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာတွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေ(၁၈၅)ဧက ဖော်ထုတ်ဆောင်ရွက်

ဇန်နဝါရီ ၃ (ရေတာရှည်) ——————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၃)ရက်နေ့ ညနေပိုင်းအချိန်က အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေနှင့်အတူ ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာတွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေ(၁၈၅)ဧက ဖော်ထုတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ စက်မှုလယ်ယာစနစ်ကျ လယ်မြေ(၁၈၅)ဧကကို တာဝန်ယူဖော်ထုတ်ဆောင်ရွက်နေသည့် Super Sun Bright နှင့် Myo Myanmar Oo Co.Ltd မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် နွေစပါးအမှီ လုပ်ငန်းပြီးစီးရန် လိုအပ်ချက်များကို လမ်းညွှန်မှာကြားပြီး တောင်သူများအား စနစ်ကျလယ်မြေ ဖော်ထုတ်လုပ်ကိုင်ခြင်း‌ကြောင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ တောင်သူများဘက်ကလည်း ဆက်လက်ဆောင်ရွက်လုပ်ကိုင်ရမည့် စိုက်ပျိုးမှု့စနစ်များ၊ ထိန်းသိမ်းစောင့်ရှောက်ရမည့် အချက်များအား ရှင်းလင်းပြောကြားကာ ကျန်သနွယ်ကျေးရွာအုပ်စု ကွင်းအမှတ် (၆၇၀-က)တွင် စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား …

Read More »