Home / 2021 / January / 05

Daily Archives: January 5, 2021

ဇန်နဝါရီလ(၅)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဇန်နဝါရီ ၅ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၅-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၄)ခု၌ နိုင်ငံသား(၁၆၈၀)ဦး၊ သံသယလူနာ(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၉၅)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၁)ခု၌ နိုင်ငံသား(၈၉၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၉၀)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၉၁)ခု၌ နိုင်ငံသား(၅၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၆၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀၇)ခု၌ နိုင်ငံသား(၁၄၃၇)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၈၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၄၃)ခု၌ နိုင်ငံသား(၄၅၈၄)ဦးရှိပြီး သံသယလူနာ(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃၄)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Read More »

Covid-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ဇန်နဝါရီ ၅ ===================== ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်(၁၀)အချိန်က နေပြည်တော်၊ ရုံးအမှတ်(၂၆)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် Covid-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ Online Meeting စနစ်ဖြင့် တက်ရောက်ခဲ့သည်။ အစည်းအဝေး၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာရွှေ့ပြောင်းလုပ်သားများ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ရင်းနှီီးမြှုပ်နှံမှုကိစ္စရပ်များတွင် မြေယာကိစ္စဖြေလျော့ပေးရန်၊ ဒေသအလိုက် စက်မှု/လက်မှု သင်တန်းကျောင်းများ အဆင့်မြင့်တင်၍ တိုးချဲ့ဖွင့်လှစ်ပေးရန်၊ သင်တန်းသားများအား ကျွမ်းကျင်မှု လုပ်ငန်းအလိုက် အသိအမှတ်ပြု လက်မှတ်များထုတ်ပေးရန်၊ အာမခံချက်(ဂရန်(သို့)ပုံစံ-၇)မရှိသော်လည်း လုပ်ငန်းကျွမ်းကျင်မှုအရ အသေးစားချေးငွေများ ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ Covid-19 ကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဖြစ်၍ ဘာသာစကားဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးရန်တို့အား တင်ပြခဲ့ကြောင်း သိရှိရသည်။ …

Read More »