ဇန်နဝါရီ ၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၆-၁-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၁၈၁)ခု၌ နိုင်ငံသား(၁၇၁၆)ဦး၊ သံသယလူနာ(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၉၈၇)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆၂)ခု၌ နိုင်ငံသား(၈၈၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၃)ခု၌ နိုင်ငံသား(၆၁၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၆၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၃၀၈)ခု၌ နိုင်ငံသား(၁၃၉၆)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၇၅)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၅၄)ခု၌ နိုင်ငံသား(၄၆၁၃)ဦးရှိပြီး သံသယလူနာ(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၈၈)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်းရရှိသည်။
Read More »